DVB Logo
Home
မြန်မာသတင်း
တရားစွဲခံရသူများ ပါခွင့်မရ၍ မန္တလေးတိုင်းအစိုးရနှင့် သရပါအလုပ်သမားများ ဆွေးနွေးပွဲ ပျက်ပြယ်
DVB
·
December 15, 2018
တရားစွဲခံရသူများ ပါခွင့်မရ၍ မန္တလေးတိုင်းအစိုးရနှင့် သရပါအလုပ်သမားများ ဆွေးနွေးပွဲ ပျက်ပြယ်
Donate to DVB

ပုဂံ သရပါဟိုတယ်​က အလုပ်​ထုတ်​ခံရတဲ့ အလုပ်​သမား ၁၂ ဦးကို မန္တလေးတိုင်း​ဒေသကြီးအစိုးရက ​တွေ့ဆုံ​ဆွေး​နွေးဖို့​ ​ဖိတ်ခေါ်လို့ သွားရောက်ခဲ့ပေမယ့် အစိုးရအဖွဲ့ရုံးထဲ တရားစွဲခံထားရသူတွေ ပါဝင်ခွင့်မရတာကြောင့် ဆွေးနွေးပွဲ ပျက်ပြယ်သွားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမား သမဂ္ဂခေါင်းဆောင် ကိုနေမျိုးဝင်းက “​​ဆွေး​နွေးခွင့်မရရင်​ ဒါရိုးသားတဲ့ ​ဆွေး​နွေးမှုမဟုတ်​ဘူး။ အဲဒါ​ကြောင့်​ မန္တ​လေးတိုင်း​ဒေသကြီးရုံး​ရှေ့က​နေ အများရဲ့ ဆန္ဒသ​ဘောထားအတိုင်း မ​တွေ့ဆုံေ​တော့ပဲ လှည့်ပြန်တယ်။ `ဝန်ုကြီးချုပ်​​အောက်​မှာ ကျနော်​တို့ကို ပိတ်​ပင်​တားဆီးတဲ့ အဖွဲ့တွေရှိ​နေတယ်​ဆိုတာ သိလိုက်​ရတယ်​။ ညောင်​ဦးခရိုင် ​စီမံခန့်​ခွဲ​ရေးကလည်း ဒီ​ဆွေး​နွေးမှာကို တားဆီးပိတ်​ပင်​​နေတဲ့ အ​နေအထား​တွေရှိ​နေတယ်။”

အလုပ်သမားသပိတ်စစ်ကြောင်းကို သက်​ဆိုင်​ရာအာဏာပိုင်​က အကြမ်းဖက်​ဖြိုခွဲခဲ့​ပေမယ့် အလုပ်ထုတ်ခံရသူတွေ အလုပ်ပြန်လည်ခန့်ထား​ပေးရေးအတွက် ဆက်လက်တောင်းဆို သွားမယ်​လို့ သရပါဟိုတယ် အလုပ်သမားတွေက သတင်းစာရှင်းလင်းပွဲလုပ် ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ဆက်လက်တောင်းဆိုသွားမှာပါ။ ခုလက်ရှိ အစိုးရအနေနဲ့ အလုပ်သမားအရေးဖြေရှင်းရာမှာ အားနည်းတယ်။ အထူးသဖြင့်က​တော့ မန္တလေးတိုင်းဒေသကြီး အစိုးရကို အားမရဘူး လျစ်လျူရှု မျက်ကွယ်ပြုတာတွေများတယ်၊ မဖြစ်​သင့်ဘူး။ နောက်ပြီး ခုလို အင်အားသုံးအကြမ်းဖက် ဖြိုခွင်းတာက လူသားလည်းမဆန်ဘူး မျက်နှာပန်းလည်း မလှဘူး၊ နိုင်ငံရဲ့ ပုံရိပ်ကျဆင်းစေတယ်” လို့ ပုဂံသရပါဟိုတယ်​ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုနေမျိုးဝင်းက ​ပြောပါတယ်​။

ပုဂံသရပါဟိုတယ်​က အလုပ်သမားတွေဟာ အောက်တိုဘာလ ၁၂ ရက်နေ့ကစပြီး အလုပ်ထုတ်ခံရတဲ့ အလုပ်သမား​တွေကို အမြန်​ဆုံး ပြန်လည်ခန့်ထားပေးဖို့ သပိတ်စခန်းဖွင့်ပြီးေ​တာင်းဆိုတဲ့ရက်ပေါင်း ၆၀ ပြည့်တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မနက် ​၁ နာရီအ​ကျော်​မှာ သရပါဟိုတယ်​အလုပ်​သမား သပိတ်စခန်းကို ဖြိုခွင်းခံခဲ့ရတာပါ။

ဒ်ီဘာ ၁၃ ရက်နေ့မှာတော့ သရပါ ဟိုတယ် အလုပ်သမားတွေနဲ့အတူ အခြားစက်ရုံတွေက အလုပ်ထုတ်ခံအလုပ်သမားတွေနဲ့ ၀န်းရံသူတွေ ပူးပေါင်းပြီး မန္တ​လေးတိုင်း​ဒေသကြီး ​ညောင်​ဦးခရိုင်​ ပုဂံယဉ်​​ကျေးမှုနယ်​​မြေက​နေ နေပြည်တော်အထိ ချီတက်​လာတဲ့ သပိတ်စစ်ကြောင်းဟာ ညောင်ဦးအထွက် ကျောက်ကူကွေ့မှာ အင်အားသုံး ဖြိုခွင်းခံခဲ့ရပါတယ်။

အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုနေမျိုးဝင်း အပါအဝင် သပိတ်စစ်ကြောင်းမှာပါဝင်ခဲ့တဲ့ အလုပ်သမားတွေနဲ့ ၀န်းရံခဲ့သူ  ၁၄ ဦးဟာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့စီတန်းလှည့်လည်ခြင်း ဥပဒေ ပုဒ်မ (၁၉) နဲ့ အမှုဖွင့်ခံထားရပါတယ်​။

သရပါဟိုတယ်က  ပြီးခဲ့တဲ့ သြဂုတ်​ ၂၄ ရက်နေ့က အလုပ်​သမားသမဂ္ဂ​ခေါင်း​ဆောင်​ အချို့နဲ့အတူ အလုပ်​သမား ၁၂ ဦးကို အ​ကြောင်းပြချက်​မရှိဘဲ အလုပ်​က တရားဝင်​ ထုတ်​ပစ်​ခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း-ကိုကိုလင်း (ချောက်)၊ အောင်အောင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013