DVB Logo
Home
မြန်မာသတင်း
အသင်းသစ်ကို ပြောင်းရွှေ့မည်မဟုတ်ဟု အဲရစ်ခ်ဆင်ပြော
DVB
·
November 23, 2018
အသင်းသစ်ကို ပြောင်းရွှေ့မည်မဟုတ်ဟု အဲရစ်ခ်ဆင်ပြော
Donate to DVB

ဥရောပအသင်းကြီးတွေရဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားခံနေရဲ့ စပါးကွင်းလယ်လူ အဲရစ်ခ်ဆင်ဟာ အသင်းနဲ့ အကောင်းဆုံးအထိုင်ကျနေလို့ အသင်းသစ်ကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ အဲရစ်ခ်ဆင်ဟာ စပါးအသင်းမှာ အဓိကကစားသမားဖြစ်နေပြီး အကောင်းဆုံးပုံစံမှာလည်း ရှိနေပါတယ်။

အဲရစ်ခ်ဆင်ဟာ စပါးအသင်းမှာ ၂၀၂၀ ပြည့်နှစ် စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။

စပါးအသင်းရဲ့ ဥက္ကဋ္ဌ ဒန်နီရယ် လီဗီကတော့ အဲရစ်ခ်ဆင်ရဲ့ လက်ရှိလစာ တပတ်လုပ်ခပေါင် ၇၀၀၀၀ ကို နှစ်ဆတိုးပေးပြီးတော့ စာချုပ်သစ်ချုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

စပါးအသင်းမှာ ဟယ်ရီကိန်းနဲ့ လိုရစ်တို့ဟာ လုပ်ခလစာ အများဆုံးရရှိနေပြီး အဲရစ်ဆင်ဟာလည်း လုပ်ခလစာအများဆုံးရတဲ့ ကစားသမား ဖြစ်လာဖို့ရှိနေပါတယ်။

အဲရစ်ခ်ဆင်ကို ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူလိုနေကြပေမယ့် နည်းပြဖြစ်သူ ပိုချက်တီနိုကတော့ အသင်းမှာ ဆက်ရှိနေဖို့ လိုလားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013