DVB Logo
Home
မြန်မာသတင်း
တရားမ၀င် အလှူခံနေသည့် တရုတ်ဘုန်းကြီး ၂ ပါးကို အမြန်ဆုံးပြန်ရန် ၀န်ခံကတိထိုးခိုင်း
DVB
·
November 17, 2018
တရားမ၀င် အလှူခံနေသည့် တရုတ်ဘုန်းကြီး ၂ ပါးကို အမြန်ဆုံးပြန်ရန် ၀န်ခံကတိထိုးခိုင်း
Donate to DVB

တရားမဝင် အလှူခံနေတဲ့ တရုတ်နိုင်ငံသားဘုန်းကြီး ၂ ပါးကို ဆက်လက်အလှူမခံဖို့နဲ့ မိမိနိုင်ငံကို အမြန်ဆုံးပြန်ဖို့ ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ် BKK ဈေးဝယ်စင်တာရှေ့မှာ တရုတ်ဘုန်းကြီး ၂ ပါး အလှူခံနေတာတွေ့လို့ ရဲစခန်းကို ခေါ်ယူ စစ်မေးခဲ့ပါတယ်။

သူတို့ဟာ အလည်အပတ်ဗီဇာနဲ့ လွန်ခဲ့တဲ့ ၂ ပတ်က မြန်မာနိုင်ငံကို လေယာဉ်နဲ့ ရောက်ရှိလာပြီး လသာမြို့နယ်က ဟိုတယ်မှာ တည်းခိုတယ်လို့ ဆိုပါတယ်။ ပြီးတော့ ရန်ကုန်မြို့တွင်း လူစည်ကားတဲ့ နေရာတွေမှာ အလှူခံရတာနဲ့ နေထိုင်စားသောက်နေပြီး လကုန်ရက်မှာ  တရုတ်နိုင်ငံကို ပြန်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက် သူတို့ကို သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ဆောင်ပြီး မြို့နယ်သံဃ မဟာနာယကအဖွဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဦးစီးတဲ့အဖွဲ့က စစ်မေးပြီး မြန်မာနိုင်ငံထဲမှာ တရားမဝင် အလှူခံတာ မလုပ်ဖို့၊ မိမိနိုင်ငံကို အမြန်ဆုံးပြန်ဖို့ ပြောဆိုပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက အင်တာနက်စာမျက်နှာတွေမှာ သင်္ကန်းဝတ်ဆင်ထားတဲ့ တရုတ်လူမျိုးတွေ ရန်ကုန်မြို့တွင်းမှာ လှည့်လည်သွားလာရင်း လမ်းသွားလမ်းလာတွေကို ပုတီးတွေပေးပြီး အလှူငွေ တောင်းခံနေတာ၊ ကားပေါ်မှာ သင်္ကန်းလဲလှယ်နေတာတွေကို ဗွီဒီယို၊ ဓာတ်ပုံတွေနဲ့ ဖော်ပြထားခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-Kyaw Htet Htet Naing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013