DVB Logo
Home
မြန်မာသတင်း
တရားမ၀င်သစ်ခိုးထုတ်မှုများကို ဇိုမီးလူငယ်အဖွဲ့ တားမြစ်
DVB
·
November 9, 2018
တရားမ၀င်သစ်ခိုးထုတ်မှုများကို ဇိုမီးလူငယ်အဖွဲ့ တားမြစ်
1 / 8
Donate to DVB

DZYA ဒိမ်​ဇန် ဇိုမီးလူငယ်အဖွဲ့က သဘာဝတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တရားမဝင် သစ်ခိုး ထုတ်လုပ်မှုတွေကို တားမြစ်နေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့နယ် ဒိမ်​ဇန်ကျေးရွာနဲ့ အနီးတ၀ိုက်မှာ သဘာဝရာသီဥတု အခြေအနေ ပြောင်းလဲလာတာကြောင့် သဘာဝဘေးအသိနဲ့ DZYA ဒိမ်​ဇန် ဇိုမီး လူငယ်အဖွဲ့က ဒေသခံရွာသားတွေနဲ့ စည်းဝေးတိုင်ပင်ပြီး တီးတိန်နယ်ထဲက တရားမဝင် သစ်ခိုးထုတ်မှုတွေကို တားမြစ်ဖို့ ဆုံဖြတ်ခဲ့ကြတယ်လို့ ဇိုမီး​ကျောင်းသား နှင့်​ လူငယ်အဖွဲ့ တာဝန်​ခံ ကိုမိုးဇက်​က ပြောပါတယ်။

"​ကျေးရွာ ​သောက်​သုံး​ရေဖြစ်​တဲ့ ခွိုင်​​ချောင်း​ရေက ပုံမှန်​အားဖြင့် ၂၀၁၉ ဇန်​နဝါရီ​လောက်​မှာ ​ရေခန်းမှာကို ဒီနှစ်​က စက်​တင်​ဘာလမှာ ခန်းတယ်​။ အနီးတဝိုက် သစ်တောတွေက စီးပွားဖြစ် တရားမဝင်သစ်ခုတ်တာတွေ များလာလို့ ဒီလိုဖြစ်လာတာ။ ဒါကို လူငယ်အဖွဲ့တွေနဲ ဒေသခံတွေ တိုင်ပင်ပြီး သက်ဆိုင်ရာကို အကြောင်းကြားပြီး ပူးပေါင်းကာကွယ်တာဆီးဖို့ ဆောင်ရွက်မှု စတင်နေပါပြီ" လို့ ကိုမိုးဇက်က ဆက်ပြောပါတယ်။

ချင်းပြည်​နယ်​အစိုးရ လယ်​ယာ၊ ဆည်​​မြောင်း၊ သတ္တုနှင့်​သစ်​​တော​ရေးရာဝန်​ကြီး ဦးမန်​ဟင်းဒါလ်းကို နိုဝင်​ဘာ​ ၄ ရက်နေ့က လူငယ်အဖွဲ့ဟာ အကြောင်းကြားသတင်း ​ပေးပို့ခဲ့ပါတယ်။ ဝန်​ကြီးက​နေ ပြည်​နယ်​သစ်​​တော ဦးစီးမှူးဆီ ထပ်​ပို့ခဲ့ပြီး တီးတိန်​မြို့နယ်​ သစ်​​တော ဦးစီးအရာရှိ ဦးဝေယံမြင့်ချို ဦး​ဆောင်​ပြီး ဒေသခံလူငယ်တွေနဲ့အတူ စတင်ဖမ်းဆီးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"ခိုးထုတ်သစ်တွေ ဆင်းဖမ်းတော့ သစ်​ခိုးထုတ်​သူတွေ နိုဝင်​ဘာ ၄ ၇က် ညေ​လာက်​မှာ စတင်​ထွက်​​ပြေး ​ရှောင်​ရှားကုန်​ကြလို့ ပိုင်​ရှင်​မဲ့အဖြစ်​ပဲ ကညင်​ သစ်​သား ၂ တန်​ခွဲကို​တော့ သိမ်းဆည်းမိပါတယ်​။ ​အဲဒီ​နေ့က မမိတဲ့ တောထဲမှာ အ​တော်​များများ ကျန်​နိုင်​ပါ​သေးတယ်​။ တားမြစ်​သစ်​ထဲက တာမလန်းသစ်​​တွေလည်း ရှိပါ​သေးတယ်​" လို့ ကိုမိုးဇက်က ပြောပါတယ်။

သစ်ခိုးထုတ်သူတွေဟာ တောထဲအထိ JCB နဲ့ လမ်း​ဖောက်​ပြီး ​တောင်​​ပေါ်က​နေ ကားလမ်း​ရောက်​တဲ့အထိ ကျွဲ နဲ့ ဆွဲ ခိုးယူကြပြီး အခုနှစ်​ထဲမှာ ၁၂ ဘီးကား ၃ စီးအပါ ကား​စီး​ရေ ၈ ​ခေါက်​နဲ့ တမလန်း၊ အင်​သား၊ ကညင်​ နဲ့ ကျွန်းသစ်​​တွေကို ခိုးထုတ်ထားတာ တွေ့ရတယ်လို့ ဒိမ်​ဇန်ဇိုမီးလူငယ်အဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ချင်းပြည်​နယ်​ တွန်းဇန်​မြို့နယ်​ ရှာလ်​​ထောဇန်​ နဲ့ တွီးခိန်​ဇန်​ ​ကျေးရွာဘက်​မှာ အဓိက တမလန်းသစ်​ အပါအဝင်​ အဖိုးတန်​သစ်​တွေကို ခိုးထုတ်​လို့ ကုန်​သ​လောက်​ဖြစ် မှ ဒိမ်​ဇန်​ဘက်​ကို စားကျက်​​ပြောင်းလာကြတာ ၂၀၁၈ မတ်​လ ​လောက်​ကလို့ ဆိုပါတယ်။

သစ်​ခိုးထုတ်​​နေတဲ့ အဓိက​ခေါင်း​ဆောင်​ က​လေးမြို့နယ်​ လက်​ပံ​ချောင်းရွာသား ကပ်​သည်း ဆိုသူကတော့ ထွက်​​ပြေးတိမ်း​ရှောင်​​နေတယ်လို့ လူငယ်အဖွဲ့ဝင်တွေက ပြောပါတယ်။

DZYA ဒိမ်​ဇန်​ လူငယ်​အဖွဲ့ကို ၂၀၁၀ မှာ စတင်​တည်​​ထောင်​ဖွဲ့စည်းခဲ့ပြီး ပတ်​ဝန်းကျင်​ထိမ်းသိမ်း​ရေး အမြင်​နဲ့ မိရိုးဖလာ ဘိုးဘွားပိုင်​​မြေကို ကာကွယ်​​စောင့်ရှောက်​ရေးဆိုတဲ့ အသိစိတ်​ဓာတ်​နဲ့ အခုလို တားမြစ်​ကြတာလို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မင်းရဲစစ်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013