
အမေရိကန်က ယူကရိန်းနဲ့ နောက်ဆုံးဆွေးနွေးမှုတွေအကြောင်း ရုရှားကို ရှင်းလင်းတင်ပြခဲ့တယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ လက်ထောက် ယူရိယူရှာကို့ဗ်ရဲ့ မတ် ၂၅ ရက်က ပြောကြားချက်ကို ကိုးကားပြီး အင်တာဖက်စ်သတင်းဌာနက ဖော်ပြပါတယ်။
ယူရှာကို့ဗ်က "ပြီးခဲ့တဲ့ စနေနေ့က ယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့ ဖလော်ရီဒါပြည်နယ်မှာ ဆွေးနွေး ညှိနှိုင်းခဲ့ပြီး အမေရိကန်က ရလဒ်တွေအကြောင်း အသေးစိတ် ရှင်းလင်းတင်ပြခဲ့တယ်၊ လက်ရှိ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ကျနော်တို့ သိပါတယ်”လို့ ပြောပါတယ်။
ရုရှား၊ ယူကရိန်းနဲ့ အမေရိကန်တို့ကြား နောက်ဆုံး ၃ ပွင့်ဆိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့လက ကျင်းပခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်နဲ့ စစ်ပွဲ မစမီ ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။
Source:Reuters










