DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် ပေါက်ကွဲမှုကြောင့် ကလေး ​၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
DVB
·
November 12, 2018
မူဆယ်တွင် ပေါက်ကွဲမှုကြောင့် ကလေး ​၁ ဦးသေ၊  ၁ ဦးဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက  ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တာကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မူဆယ်မြို့မရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

မူဆယ်မြို့၊ စွမ်စော် ၃လမ်း၊ ခြံအမှတ် စစ ၁၄၃ မှာ တဲထိုးနေထိုင်တဲ့ ဒေါ်ရှောက်စီရဲ့ သားနှစ်ယောက် သံတိုသံစနဲ့ ကစားနေချိန် ပေါက်ကွဲမှုဖြစ်ပြီး မောင်ရန်ထိုက်လင်း သေဆုံးသွားကာ မောင်ရန်ထိုက်ရှင်းကတော့ ဒဏ်ရာရှိခဲ့တာလို့ မူဆယ်မြို့မ ရဲစခန်းက တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။

“အဲဒီခြံဝင်းထဲမှာ တဲထိုးပြီတော့ နေထိုင်တဲ့ ဒေါ်ရှောက်စီရဲ့ ကလေးတွေပေါ့။ ဒေါ်ရှောက်စီကတော့ ဘူးခွံ၊ ပုလင်းခွံတွေ ကောက်ယူပြီးတော့ ရောင်းတဲ့အလုပ်လုပ်တာပါ။ အဲဒီကနေပြီးတော့မှ ဘူးခွံ ပုလင်းခွံကောက်တဲ့ထဲက ကလေးတွေကနေပြီးတော့မှ ခြံဝင်းအတွင်းမှာ စုပုံထားတဲ့ သံတိုသံစတွေ၊ ဘူးခွံပုလင်းခွံ ပစ္စည်းအဟောင်းတွေထဲကနေ တွေ့ရှိရတဲ့ အရှည် ၆ လက်မ၊ လုံးပတ် ၁ လက်မ ခန့် သံဘူးသဏ္ဌာန်ပေါ့နော်။ အဲဒါကို ကလေး မောင်လမင်း (ခ) ရန်ထိုက်လင်းကနေပြီးတော့မှ ကျောက်ခဲနဲ့ထုရိုက်တာ။ ဒုတိယအချက်ရိုက်တဲ့အချိန်မှာ အဲဒီဖြစ်စဉ်လေး ဖြစ်သွားတာပါ။”

ဒဏ်ရာရရှိတဲ့ မောင်ရန်ထိုက်ရှင်းကို မနေ့က မူဆယ်ဆေးရုံကနေတဆင့် လားရှိုးဆေးရုံကို ပို့ဆောင် ဆေးကုသပေးနေရပါတယ်။

ပေါက်ကွဲသွားတဲ့နေရာကို မနေ့က ရဲတွေနဲ့ နယ်မြေခံစစ်တပ်က သွားရာက်စစ်ခဲ့ပြီး ပေါက်ကွဲတဲ့ မိုင်းအမျိုးအစားကိုတော့ သေချာမသိရသေးပါဘူး။

တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့ဟာ အစိုးရတပ်၊ ပြည်သူ့စစ်အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေတဲ့မြို့ဖြစ်ပြီး ပြီးခဲ့တဲ့မေလက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013