DVB Logo
Home
မြန်မာသတင်း
ဥပဒေနှင့်မညီသော မြန်မာအပါအ၀င် နိုင်ငံခြားသား ၇၃၀ ကို ထိုင်းရဲ ဖမ်းဆီး
DVB
·
November 2, 2018
ဥပဒေနှင့်မညီသော မြန်မာအပါအ၀င် နိုင်ငံခြားသား ၇၃၀ ကို ထိုင်းရဲ ဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံမှာ ဥပဒေနဲ့အညီနေထိုင်ခြင်းမရှိတဲ့ နိုင်ငံခြားသားတွေကို x-ray outlaw foreigner  စီမံချက်ချပြီး စစ်ဆေးဖမ်းဆီးရာမှာ ဒီတခေါက်တော့ ထိုင်းတနိုင်ငံလုံးရှိ နေရာပေါင်း ၂၃၈ နေရာကို စစ်ဆေးခဲ့ပြီး ဥပဒေနဲ့မညီသူ ၇၃၀ ဦးကို ဖမ်းဆီးရမိတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဒီတကြိမ်စီမံချက်မှာ ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ ၀င်ရောက်လာပြီး ခရက်တစ်ကတ်အတု အပပြုလုပ်ခြင်း၊ လိမ်လည်လက်ထပ်ပြီး လက်ထပ်စာချုပ်အတုလုပ်တာ၊ စိန်နဲ့ကျောက်မျက်ရ တနာအတု လိမ်လည်ရောင်းချတာ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခြင်း စတဲ့ ကျူးလွန်မှုတွေအပြင် နေထိုင်ခွင့်သက်တမ်းကုန်ဆုံးတာ စတာတွေကို အဖွဲ့စုံပူးပေါင်းပြီး နိုင်ငံခြားသားတွေ နေထိုင်ကျက်စားလေ့ရှိတဲ့ နေရာပေါင်း ၂၃၈ နေရာကို  စစ်ဆေးခဲ့တယ်လို့ ထိုင်းလ၀က ရဲတပ်ဖွဲ့ ဒုရဲချုပ်ကြီး အစ်ထိဖုန်း အစ်ထိဆန်ချိုင်းက ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

စစ်ဆေးချက်မှ ဥပဒေနဲ့ မညီညွတ်သူ စုစုပေါင်း ၇၃၀ ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ ဗီဇာ (နေထိုင်ခွင့်သက်တမ်း ) ကျော်လွန်သူ ၄၂ ဦး (မြန်မာ ၁၅ ဦး ၊ အိန္ဒိယ ၈ ဦး ၊ ကမ္ဘောဒီးယား ၆ ဦး၊ ဗီယက်နမ် ၃ ဦး၊ လာအို ၂ ဦး၊ ဂွန်ဂို ၁ ဦး၊ အမေရိကန် ၁ ဦး၊ အီရတ် ၁ ဦး၊ တရုတ် ၁ ဦး၊ ဂျပန် ၁ ဦး ၊ နိုင်ဂျီးရီးယား ၁ ဦး၊ ပြင်သစ် ၁ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံထဲတရားမ၀င် ၀င်ရောက်နေထိုင်သူပေါင်း ၃၉၈ ဦးရှိပြီး အဲဒီထဲမှာ မြန်မာ ၂၇၇ ဦး၊ ကမ္ဘောဒီးယား ၅၈ ဦး၊ လာအို ၄၈ ဦး၊ ဗီယက်နမ် ၄ ဦး၊ အိန္ဒိယ ၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၂ ဦး၊ နယ်သာလန် ၁ ဦး၊ တရုတ် ၁ ဦး နဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦးတို့ ပါဝင်ပါတယ်။

ဆက်လက်ပြီး မိမိအိမ်ရာအဆောက်အဦတွင်း နိုင်ငံခြားသားများ လာရောက်တည်းခိုပါက သက်ဆိုင်ရာကို ၂၄ နာရီအတွင်း အကြောင်းကြားရမယ်ဆိုတဲ့ ဥပဒေအတိုင်း မလိုက်နာသူ  ၈၃ ဦး၊ နိုင်ငံထဲမှာ တရားဝင်နေထိုင်ခွင့်ရပေမယ့် မိမိရောက်ရှိတည်းခိုတဲ့နေရာကို သက်ဆိုင်ရာအား အကြောင်းကြားရန် ပျက်ကွက်သူ ၆၂ ဦး၊ ခွင့်ပြူချက်မရတဲ့ အလုပ်မှာ ၀င်ရောက်လုပ်ကိုင်သူ ၆၉ ဦး နဲ့ အခြားအထွေထွေပြစ်မှုကျူးလွန်သူ ၇၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒုလ၀ကရဲချုပ်ကြီးက ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ x-ray outlaw foreigner  စီမံချက်အရ စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာ ဒီတကြိမ်ပါဆိုရင် အကြိမ်ပေါင်း ၃၈ ကြိမ်ရှိသွားပြီဖြစ်ပြီး နေရာပေါင်း ၅၃၀၉ နေရာမှ ဥပဒေနဲ့ မညီညွတ်သူ နိုင်ငံခြားသား ၄၂၃၁ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဒုရဲချုပ်ကြီးက ပြောသွား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013