DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမား အယောက် ၂၀ နှင့် အလုပ်ရှင် ၂ ဦးကို ထိုင်းရဲ ဖမ်းဆီး
DVB
·
June 15, 2017
မြန်မာအလုပ်သမား အယောက် ၂၀ နှင့် အလုပ်ရှင် ၂ ဦးကို ထိုင်းရဲ ဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လမ်းပွန်းခရိုင် ဘန့်ဟုန့်မြို့နယ်ထဲမှာ ဇွန် ၁၄ ရက်မနက်ပိုင်းက မြန်မာအလုပ်သမားတွေ  သစ်သီးခြံထဲ အလုပ်ဆင်းစဉ် တရားမ၀င်အလုပ်သမား စစ်ဆေးရေးပူးပေါင်းအဖွဲ့တွေ ၀င်ရောက်လာပြီး ဥပဒေနဲ့ မညီတဲ့ အလုပ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဘန့်ဟုန်းမြို့နယ် ဘန့်နမ့်ဖို့ဖ ကျေးရွာထဲမှာ တရားမ၀င်အလုပ်သမားတွေ ၀င်ရောက်လုပ်ကိုင်ကြောင်း တိုင်ကြားချက်အရ လမ်းပွန်းခရိုင် လ၀ကရဲတပ်ဖွဲ့ဝင်နဲ့ တာဝန်ရှိသူတွေဟာ ဇွန် ၁၄ ရက်မနက်က အဆိုပါ သစ်သီးခြံထဲ ၀င်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးချက်အရ အဆိုပါခြံထဲမှာ လမ်းယိုင်းသီးခူးဆွတ်နေတဲ့ အလုပ်သမားအယောက် ၂၀ ရှိပြီး အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက်ရှိကြောင်း၊ အားလုံး မြန်မာနိုင်ငံကလာတဲ့ အလုပ်သမားတွေဖြစ်တယ်လို့ ဆိုပါတယ်။

၁၈ ဦးမှာ  ထိုင်းနိုင်ငံထဲ ၀င်ရောက်နေထိုင်ခွင့်  အထောက်အထားတစုံတရာမရှိဘဲ ကျန် ၂ ဦးမှာ ပန်းရောင်နေထိုင်ခွင့်ကတ်ရှိပေမယ့် ၁ ဦးက သက်တမ်းကုန်ပြီး ကျန် ၁ ဦးမှာ အလုပ်နေရာ နဲ့ လုပ်ငန်းအမျိုးအစား လွဲမှားနေတာကြောင့် အားလုံးကို လ၀ကဥပဒေ၊ အလုပ်သမားဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ တာဝန်ရှိသူတဦးက မန်နေဂျာအွန်လိုင်း သတင်းထောက်ကို ပြောပါတယ်။

ဒါ့အပြင် ခြံပိုင်ရှင် ထိုင်းလူမျိုး ၂ ဦးကိုလည်း ခွင့်ပြုချက်မရတဲ့ တရားမ၀င်အလုပ်သမားတွေ ငှားရမ်းခန့်ထားမှု၊ တရားမ၀င် ၀င်ရောက်လာသူတွေကို လက်ခံခိုလှုံခွင့်ပေးမှုတွေနဲ့အတူ ဆက်လက်အရေးယူသွားမယ်လို့ ပြောကြောင်း မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြသွားပါ တယ်။

ထိုင်းဥပဒေအရ ခွင့်ပြုချက်မရတဲ့ အလုပ်သမားကို ငှားရမ်းတဲ့ အလုပ်ရှင်ဟာ အလုပ်သမား တဦးအတွက် အနည်းဆုံးဘတ် ၁ သောင်း မှ အများဆုံး ၁ သိန်းထက်မပိုတဲ့ ငွေဒဏ်၊ တရားဝင်အထောက်အထားမရှိသူကို ခိုလှုံနေထိုင်ခွင့်ပြုပါက ၁၀ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ်ကျခံရမှာ ဖြစ်ပါတယ်။

အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတဦးဟာ ဒဏ်ငွေ အနည်းဆုံး ဘတ် ၂ ထောင်မှ ဘတ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ကျခံရပြီး မူရင်းနိုင်ငံ ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။

အလုပ်သမားကတ်ပါ အချက်အလက်တွေနဲ့ မကိုက်ညီတဲ့နေရာမှာ ၀င်လုပ်ရင် ဘတ် ၂ သောင်းထက်မပိုတဲ့ ငွေဒဏ် ချမှတ်ခံရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013