DVB Logo
Home
မြန်မာသတင်း
Great Well စက်ရုံလုပ်သားများ ရန်ကုန်အစိုးရရုံးရှေ့ သပိတ်စခန်းဖွင့်ရန်ချီတက်လာ
DVB
·
October 29, 2018
Great Well စက်ရုံလုပ်သားများ ရန်ကုန်အစိုးရရုံးရှေ့ သပိတ်စခန်းဖွင့်ရန်ချီတက်လာ
Donate to DVB

သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်နေတဲ့ ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ Great Well စက်ရုံက အလုပ်သမားတွေဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့မှာ သပိတ်စခန်းဖွင့်ဖို့  ဒီနေ့မနက်က ချီတက်လာပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေမရရှိသေးတဲ့အတွက် အစိုးရအဖွဲ့ရုံးရှေ့မှာ သွားရောက် သပိတ်စခန်းဖွင့်ဖို့ ချီတက်လာတာလို့ Great Well ဖိနပ်စက်ရုံ အလုပ်သမား ခေါင်းဆောင် ကိုဇော်မင်းသိန်းက ဒီဗွီဘီကို ပြောပါတယ်။

“၀န်ကြီးပြီးခဲ့တဲ့တပတ်က ကတိပေးထားပေမယ့် ခုထိ မထူးခြားသေးတဲ့အတွက် စက်ရုံရှေ့က သပိတ်စခန်းကို ပိတ်ပြီး ချီတက်လာတာပါ။ သပိတ်စခန်းဖွင့်ဖို့ကို ရည်ရွယ်ထားပါတယ်။”

Great Well ဖိနပ်စက်ရုံက အလုပ်သမားတွေဟာ အောက်တိုဘာ ၂ ရက်က စပြီး စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်နေတာဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်ကလည်း ရန်ကုန်တိုင်းအစိုးရရုံးကို လာရောက်ကာ  ရန်ကုန်တိုင်း အစိုးရ ရခိုင်တိုင်းရင်းသားရေးရာနဲ့ အလုပ်သမား ဝန်ကြီး ဦးဇော်အေးမောင်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ အလုပ်သမားတွေရဲ့ လုပ်အားခ ၃လစာပြန်ရဖို့နဲ့ လုပ်ငန်းရှင်ကို တရားစွဲဖို့ ဆောင်ရွက်ပေးမယ်လို့ ၀န်ကြီး ဦးဇော်အေးမောင်က ကတိပြုလိုက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Great Well ဖိနပ်စက်ရုံမှာ အလုပ်သမားတွေကို ၂၀၁၈ ဇူလိုင်လက စပြီး ရာထူးလျှော့၊ နေရာပြောင်း၊ လစာလျှော့ချတာတွေကြောင့် အငြင်းပွားမှုစတင်ခဲ့ပြီး အလုပ်သမားတွေကို အလုပ်ရှင်က စက်ရုံထဲ ဝင်ခွင့် မပြုတော့ဘူးလို့ သိရပါတယ်

စက်ရုံဘက်က အလုပ်သမားတွေကို အလုပ်ဖြုတ်တယ်လို့ မကြေညာထားသလို လစာလဲ မပေးတာကြောင့်လက်ရှိမှာ စားဝတ်နေရေး၊ကျန်းမာရေး၊အခက်ခဲတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

Great Well ဖိနပ်စက်ရုံ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး  အလုပ်သမား ၃၀၀ လောက် အလုပ်လုပ်ကိုင်နေကြပါတယ်။

အလားတူ ရက်​​ပေါင်း၆၀​ကျော်​ သပိတ်မှောက် ဆန္ဒပြနေကြတဲ့ ဖုယွင်စက်ရုံက အလုပ်​သမား​တွေကလည်း ဒီကနေ့မနက်  ရန်​ကုန်​တိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံဖို့ မဟာဗန္ဓုလပန်းခြံက​နေ တိုင်းအစိုးရအဖွဲ့ရုံးကို လမ်းလျှောက်​ချီ တက်​ခဲ့ ကြပါတယ်​​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013