DVB Logo
Home
မြန်မာသတင်း
အလဲဗင်းသတင်းသမား ၃ ဦးကိစ္စ သတင်းစာရှင်းလင်းပွဲလုပ်မည်ဟု ဦးဖြိုးမင်းသိန်းပြော
DVB
·
October 29, 2018
အလဲဗင်းသတင်းသမား ၃ ဦးကိစ္စ သတင်းစာရှင်းလင်းပွဲလုပ်မည်ဟု ဦးဖြိုးမင်းသိန်းပြော
Donate to DVB

Eleven Media Group က သတင်းသမား ၃ ဦးကို တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်သွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။

အခုလို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) ခ နဲ့ တရားစွဲဆိုတဲ့အပေါ် မေးမြန်းတဲ့အခါမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့်ရက် အတိအကျမေးမြန်းရာမှာတော့ ပြန်လည်ဖြေဆိုခြင်း မပြုပါဘူး။

"ဒီကိစ္စလားသတင်းစာရှင်းလင်းပွဲလုပ်မယ်လေ ညီလေး" လို့ သာပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က ထုတ်ဝေတဲ့ Weekly Eleven ဂျာနယ်မှာ သတင်းဆောင်းပါးတခုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူများက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့စေတယ်ဆိုပြီး ပုဒ်မ ၅၀၅ ခနဲ့ တရားစွဲဆိုထားတာပါ။

အောက်တိုဘာ ၂၆ ရက်နေ့ ရုံးချိန်းမှာတော့ တရားသူကြီးက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) အရ တဦးကို ကျပ် သိန်း ၁၀၀ စီနဲ့ အာမခံပေးခဲ့ပါတယ်။

သမ္မတရုံးကတော့ အခုအမှုကို သတင်းမီဒီယာဥပဒေနဲ့သာ ကိုင်တွယ်စေလိုပြီး သတင်းမီဒီယာကောင်စီကတဆင့် ညှိနှိုင်းဆောင်ရွက်ဖို့ ရန်ကုန်တိုင်းအစိုးရကို ညွှန်ကြားထားပါတယ်။ ဒါပေမယ့် အမှုရုပ်သိမ်းခြင်းမရှိပဲ သတင်းသမားသုံးဦးကို အာမခံသာပေးခဲ့အတွက် ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013