DVB Logo
Home
မြန်မာသတင်း
၆၆(ဃ)ဖြင့် တရားစွဲခံရသည့် ဦးမျိုးရန်နောင်သိန်းနှင့် အလဲဗင်းအမှု ရုံးထုတ်စစ်ဆေး
DVB
·
November 25, 2016
၆၆(ဃ)ဖြင့် တရားစွဲခံရသည့် ဦးမျိုးရန်နောင်သိန်းနှင့် အလဲဗင်းအမှု ရုံးထုတ်စစ်ဆေး
Donate to DVB

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် အရေးယူခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို ဒီကနေ့ မနက်က ကမာရွတ်တရားရုံးမှာ ပထမဦးဆုံးအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။

တရားရုံးမှာရုံးထုတ်စဉ် ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးထောင်ချခံရဖူးတဲ့ ကဗျာဆရာ မောင်ဆောင်းခဦးဆောင်တဲ့အဖွဲ့က အာဏာရှင်အလိုကျရေးဆွဲထားတဲ့ ဒီဥပဒေကို အမြန်ဆုံး ပြင်ဆင်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။

ကဗျာဆရာ မောင်ဆောင်းခက “အဓိက ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲဆို ခံထားရတဲ့ သူတွေရှိတဲ့ တရားရုံးတွေလုပ်တယ်။ အရင်တုန်းက ကိုလှဘုန်း၊ ကိုရာပြည့်၊ ကိုဖိုးထောင်တို့ရဲ့အမှုတို့ အခု ကိုမျိုးရန်နောင်သိန်း ၄ မှုမြောက်ဖြစ်သွားပြီ။ကျနော်တို့ အဓိက ကတော့ လက်ကမ်းစာစောင်တွေဝေတယ်။ အဲဒီမှာဘာပါလဲဆိုတော့ အွန်လိုင်းသုံးတဲ့သူ တွေက ဆက်သွယ်ရေးဥပဒေနဲ့ အချိန်မရွေးအဖမ်းခံရ နိုင်တယ်ဆိုတဲ့အကြောင်းတွေ ပညာပေးထားတာ ပါမယ်။ နောက်တခုကတော့ ဥပဒေပညာရှင်တွေရဲ့စကားတွေပါမယ်။ ပြီးတော့ ဒီဥပဒေကြောင့် နစ်နာခဲ့ရသူတွေရှိနေသလိုပဲ နောက်ထပ်လည်း နစ်နာနိုင်သေးတယ်ဆိုတဲ့ အကြောင်းတွေ ရေးထားတယ်။ ပြီးရင် ကျနော်တို့ တူညီဝတ်စုံဝတ်ပြီးတော့ အဲဒီဥပဒေပြင်ဆင်ပေး ဆိုပြီးတော့ တောင်းဆိုထားတဲ့စာသားဝတ်ပြီး အဖွဲ့လိုက်သွားတယ်။ အဲလိုပဲ လုပ်ကြတယ်”လို့ ပြောပါတယ်။

ဒီကနေ့ထိ မြန်မာနိုင်ငံတ၀န်းမှာ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)နဲ့ အရေးယူခံရသူ ၃၃ ဦးရှိပြီလို့လည်း ကဗျာဆရာ မောင်ဆောင်းခက ပြောပါတယ်။

ဦးမျိုးရန်နောင်သိန်းဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စော်ကားတဲ့ပို့စ်တွေ ရေးသားခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က တရားလိုအဖြစ် အမှုဖွင့်ဖမ်းဆီးအရေးယူထား တာဖြစ်ပါတယ်။

အလားတူ ရန်ကုန်တိုင်းအစိုးရက ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲထားတဲ့ အလဲဗင်း မီဒီယာအုပ်စုရဲ့ စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကိုလည်း ဒီကနေ့ တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013