DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် တရားမ၀င် ဆေးရုံဖွင့်ထားသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီး
DVB
·
October 21, 2018
မူဆယ်တွင် တရားမ၀င် ဆေးရုံဖွင့်ထားသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီး
Donate to DVB

မူဆယ်မြို့ပေါ်က တရုတ်နိုင်ငံသားတွေ တရားမဝင်ဖွင့်လှစ်ကုသနေတဲ့ ပုဂ္ဂလိက ဆေးရုံတခုကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးခဲ့ပါတယ်။

မူဆယ်-နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးပေါ် စွမ်စော်ရပ်ကွက်မှာ ရှိတဲ့ တရုတ်- မြန်မာချစ်ကြည်ရေး ဆေးရုံကို အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက ရဲ၊ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေး တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးရာမှာ တရားမဝင် ဝင်ရောက်နေထိုင်တာ၊ ကုသနေတာတွေကို တွေ့ရှိခဲ့တာပါ။

မူဆယ် ဒု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက “ကျော်ဇောသတင်း ထွက်လာလို့ ဝင်ရှာတာပါ။ တရုတ်ရော၊ မြန်မာတွေရော မိတယ်။ တရုတ်တွေမှာ နေထိုင်ခွင့်တွေ ဘာတွေ တခုမှ မရှိဘူး။ အဲဒါကြောင့် လဝက အက်ဥပဒေနဲ့ အရေးယူဖို့ လုပ်နေတယ်။ ဆေးခန်းကလည်း တရားမဝင် ဆေးခန်းဖြစ်လို့ ပုဂ္ဂလိက ဆေးခန်း ဥပဒေနဲ့ အရေးယူမှာပါ” လို့ ပြောပါတယ်။

ဒီဆေးရုံကို ဘယ်တုန်းက စဖွင့်လှစ်ထားတာလဲ ဆိုတာတော့ သေချာ မသိဘူးလို့ သူက ပြောပါတယ်။ ဒီဆေးရုံမှာ ခွဲစိတ်ကုသတာ၊ ဓာတ်မှန်ရိုက်တာ၊ သားဖွားနဲ့ မီးယပ်၊ အမျိုးသားရောဂါ စတာတွေကို ကုသပေးနေတာပါ။

မူဆယ်မြို့ပေါ်က ပုဂ္ဂလိက ဆေးခန်းတွေ၊ မိသားစုဆေးခန်းတွေကိုလည်း စစ်ဆေးလေ့ရှိတယ်လို့ ဦးအောင်ကျော်စိုးက ပြောပါတယ်။

၂၀၁၇ ခုနှစ်ကလည်း ကျော်ဇောသတင်းထွက်နေတဲ့ တရုတ်ဆေးခန်းတခုကို ကျန်းမာရေးဌာနက သွားရောက်စစ်ဆေးပေမယ့် ဆေးခန်း ပိတ်ထားတာပဲ တွေ့ရပြီး နောက်ပိုင်းမှာတော့ အပြီး ပိတ်သွားခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံသား ၆ ယောက်နဲ့ မြန်မာနိုင်ငံသား ၂ ယောက်ကို ဖမ်းဆီးထားတယ်လို့ မူဆယ်မြို့မရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ သူတို့ကို လဝက အက်ဥပဒေ၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေတို့နဲ့ အမှုဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ - ကိုမျိုးကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013