DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်ကို မလွှဲခဲ့သည့် ဖွံ့ဖြိုးရေးရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံ ဖောင်းဒေးရှင်းက ပြန်ပေးမည်
DVB
·
October 19, 2018
အစိုးရသစ်ကို မလွှဲခဲ့သည့် ဖွံ့ဖြိုးရေးရန်ပုံငွေ  ၅ ဒသမ ၂ ဘီလီယံ ဖောင်းဒေးရှင်းက ပြန်ပေးမည်
Donate to DVB

ယခင် ဧရာဝတီတိုင်းဒေသကြီးအစိုးရက အစိုးရသစ်ကို မလွှဲခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံကို ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ပြန်လည်ပေးအပ်မယ်လို့ အကြောင်းပြန်ကြားခဲ့ကြောင်း တိုင်းစီမံဘဏ္ဍာဝန်ကြီးက ပြောပါတယ်။

ရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံ (ကျပ်သိန်း ၅၂၀၀၀) နဲ့ပတ်သက်ပြီး အစိုးကို အကြောင်းပြန်ဖို့ သတ်မှတ်ထားတဲ့ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ ရန်ပုံငွေ လက်ခံထားတဲ့ ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက လာရောက်တွေ့ဆုံခဲ့ပြီး အစိုးရကသတ်မှတ်ထားတဲ့အတိုင်း ပြန်လည်ပေးအပ်သွားမယ်လို့ အကြောင်းပြန်ကြောင်း တွေ့ဆုံအပြီးမှာ တိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက ဒီဗွီဘီကိုပြောပါတယ်။

တိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီးကို လာရောက်တွေဆုံတဲ့အထဲမှာ ယခင်တိုင်းနယ်လုံဝန်ကြီးဟောင်းဖြစ်တဲ့ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဗိုလ်မှူးကြီးဟောင်း ဦးမောင်မောင်ဝင်း အပါအဝင် အရင်တိုင်းစီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးဝင်းကိုကိုနဲ့ ဖောင်ဒေးရှင်း တာဝန်ရှိသူတွေ ပါဝင်ပါတယ်။

ဖောင်ဒေးရှင်းအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကြည်အောင်ကတော့ ညှိနှိုင်းတာ အဆင်ပြေကြောင်းနဲ့ အသေးစိတ်ကိုတော့ သက်ဆိုင်ရာ စီမံဘဏ္ဍာဝန်ကြီးကိုမေးဖို့ပြောပါတယ်။

အဲ့ဒီငွေတွေဟာ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ဦးဆောင်တဲ့ ယခင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရက အစိုးရသစ်ကို မလွှဲခဲ့ဘဲ တိုင်းအစိုးရ အဖွဲ့ဝင်ဟောင်းတွေ ဦးဆောင်တဲ့ ဧရာဝတီ ပညာ ကျန်းမာ ဘက်စုံ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို လွှဲခဲ့တာပါ။

အစိုးရဟောင်း ရန်ပုံငွေကိစ္စနဲ့ပတ်သက်ပြီး ဖျာပုံမဲဆန္ဒနယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ဧရာဝတီတိုင်း လွှတ်တော်မှာ  ၂၀၁၆ ခုနှစ် ဇူလိုင်လက မေးမြန်းခဲ့တာပါ။

ဒါ့ကြောင့် အစိုးရဟောင်း ရန်ပုံငွေတွေနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း ပြန်လည်တောင်းခံဖို့ သမ္မတရုံးက ဧရာဝတီတိုင်းဒေသကြီး အစိုးရကို ညွှန်ကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တိုင်းအစိုးရအနေနဲ့ ဖောင်ဒေးရှင်းနဲ့ သုံးလကြာညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီး ဘဏ်မှာ အပ်ထားတဲ့ငွေတွေကို အမြန်ဆုံးပေးဖို့ ကုမ္ပဏီတွေနဲ့ အကျိုးတူ ခေတ္တ ထုတ်ချေးထားတဲ့ ငွေတွေကို ရက်ပေါင်း ၃၀ အတွင်းပေးဖို့၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ခေတ္တ ထုတ်ချေးထားတဲ့ ငွေတွေကို ရက်ပေါင်း ၆၀ အတွင်းပေးဖို့နဲ့ မလိုက်နာရင် ဥပဒေအတိုင်းအရေးယူသွားမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ခဲ့တာပါ။

အခုအခါမှာတော့ ရန်ပုံငွေတွေလက်ခံထားတဲ့ ဖောင်ဒေးရှင်းအနေနဲ့ ၅.၂ ဘီလီယံကို ငွေသားအနေနဲ့ ပြန်လည်ပေးအပ်တော့မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013