DVB Logo
Home
မြန်မာသတင်း
နောက်အစိုးရနဲ့လက်တွဲပြီး ငြိမ်းချမ်းရေးရအောင်လုပ်မည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
January 23, 2016
နောက်အစိုးရနဲ့လက်တွဲပြီး ငြိမ်းချမ်းရေးရအောင်လုပ်မည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
Donate to DVB

တပ်မတော်အနေနဲ့ နောက်တက်လာမယ့်အစိုးရနဲ့ ငြိမ်းချမ်းရေးရအောင် ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့ ကလပ်ဒီမက်ဒရစ်အဖွဲ့ဝင်၊ ချီလီနိုင်ငံ သမ္မတဟောင်းတို့ နေပြည်တော်မှာ ဇန်န၀ါရီ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သူက ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးဟာ တိုင်းပြည်ရဲ့ သေရေးရှင်ရေး ကိစ္စဖြစ်တယ်၊ တပ်မတော် အနေနဲ့လည်း အဖြစ်နိုင်ဆုံးလိုက်လျောပြီး ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် အကောင်းဆုံးဖြစ်အောင် အလေးထားဆောင်ရွက်နေသကဲ့သို့ နောင်တက်လာမည့် အစိုးရနှင့်လည်း ငြိမ်းချမ်းရေး ကိစ္စရပ်များ အောင်မြင်အောင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ချီလီသမ္မတဟောင်းက မြန်မာနိုင်ငံအနေဖြင့် တိုင်းနှင့်ပြည်နယ်များဖြင့် စုစည်း ထားခြင်း ဖြစ်၍ အစိုးရ၊ အရပ်ဘက်အဖွဲ့စည်းများ၊ တပ်မတော်နှင့်ပြည်သူတို့ အနေဖြင့် အခြေအနေကို သိရှိနားလည်ပြီး အကောင်းဆုံး ဆောင်ရွက်ရန် လိုအပ်တယ်လို့ ပြန်လည် ဆွေးနွေးသွားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013