DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ် မော်လ၀ီကျေးရွာတွင် ဓားပြတိုက်၊ ၂ ဦးဒဏ်ရာရ
DVB
·
September 30, 2018
မောင်တောမြို့နယ် မော်လ၀ီကျေးရွာတွင် ဓားပြတိုက်၊ ၂ ဦးဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သဲချောင်းအုပ်စု၊ မော်လဝီကျေးရွာမှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက်က မော်လဝီရွာမှာ နေထိုင်တဲ့ ဇော်သိန်း (ခ) မူဆာအာလီ (၄၁) နှစ် ရဲ့ နေအိမ်ကို ဓားပြ ၁၀ ယောက်လောက်က ၀ိုင်းပြီး တိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွှေငွေ ပစ္စည်းတော့ တစုံတရာ မပါသွားဘဲ ဓားပြတွေက နေအိမ်တံခါးအား ထုရိုက်ဖျက်ဆီးကာ မီးရှို့မယ်လို့ခြိမ်းခြောက်ခဲ့ပြီး လုပ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရခဲ့ကြတယ်လို့ သင်္ဘောလှကျေးရွာ အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားပါတယ်။

"အခုတကြိမ်ဆိုတော့ ၁ လအတွင်း ၂ ကြိမ်ရှိသွားပါပြီ။ ကိုဇော်သိန်းက ဓားပြတိုက်နေကြောင်း ကျနော့်ကို ဖုန်းဆက်လာတယ်။ ကျနော်တို့ ချက်ချင်း လုံခြုံရေးအဖွဲ့တွေနဲ့ မော်လဝီကျေးရွာကို လိုက်သွားကြပါတယ်။ ရောက်သွားတဲ့အချိန်မှာ ကိုဇော်သိန်းရဲ့ မိခင် ဒေါ်ခါလီနာ (၆၆) နှစ် ဝဲဘက်ပါး၊ ယာဘက်ပါး နဲ့ ဝဲမေ့ရိုးတွေမှာ ခဲစတွေထိမှန်ပြီး ယမ်းငွေ့ဒဏ်ကြောင်း မျက်လုံး နှစ်လုံးစလုံး ကွယ်သွားတဲ့ အနေအထားရှိပါတယ်။ နောက် သင်္ဘောလှကျေးရွာမှ ငါးလာဝယ်တဲ့ ဦးညိုသာမှာတော့ နောက်ကျောမှာ တချက်ထိမှန်ခဲ့ပါတယ်၊ စိုးရိမ်စရာမရှိပါဘူး။ အခုကတော နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။"

စက်တင်ဘာ ၁၃ ရက်နေ့ကလည်း အဲဒီနေအိမ်ကို ဓားပြဝင်ရောက်တိုက်ခဲ့တာကြောင့် ငွေကြေးအပြင် ရွှေနဲ့ ပစ္စည်းအချို့လည်း ဆုံးရှုံးခဲ့ပါတယ်။

မော်လဝီကျေးရွာမှာ အရင်က အိမ်ခြေ ၇၀၀ ကျော်ရှိပြီး ARSA အကြမ်းဖက်ဖြစ် စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာထွက်ပြေးသွားကြပြီး အခုအခါ အိမ်ခြေ ၂၀ သာ နေထိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013