DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီများကို ကမန်လူမျိုးနှင့်မှားယွင်းပြီး နိုင်ငံသားကတ်ထုတ်ပေးနေမှု ရုပ်သိမ်းရန် ရခိုင်လွှတ်တော်၌ အဆိုတင်
DVB
·
September 20, 2018
ဘင်္ဂါလီများကို ကမန်လူမျိုးနှင့်မှားယွင်းပြီး နိုင်ငံသားကတ်ထုတ်ပေးနေမှု ရုပ်သိမ်းရန် ရခိုင်လွှတ်တော်၌ အဆိုတင်
Donate to DVB

ဘင်္ဂါလီတွေကို ကမန်လူမျိုးအမည်နဲ့ မှားယွင်းပြီး နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးတာကို ပြန်လည်ရုပ်သိမ်းပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆို ရခိုင်ပြည်နယ်လွှတ်တော်မှာ စက်တင်ဘာ ၁၉ ရက်က တင်သွင်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ဘင်္ဂါလီတွေကို ကမန်လူမျိုး အမည်နဲ့ ၁၁/ရဗန(နိုင်) နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးတာကို ပြန်လည်ရုပ်သိမ်းပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ရမ်းဗြဲအမတ် ဦးသန်းမောင်ဦးက ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။

ဒီအဆိုကို မင်းပြားလွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးလှအောင်ညွန့်က ထောက်ခံခဲ့ပြီး လွှတ်တော်မှာ ကန့်ကွက်သူမရှိတဲ့အတွက် အဆိုကို ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ကြေညာခဲ့ပါတယ်။

အခုလို ဘင်္ဂါလီတွေကို ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးတာကို သေချာစိစစ်ပေးဖို့ လိုတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

ကျောက်နီမော်ကျေးရွာက ကမန်တိုင်းရင်းသားမဟုတ်တဲ့ ဘင်္ဂါလီ ၃၃၀၆ ဦးကို နိုင်ငံသား စိစစ်ရေးကတ်တွေ ထုတ်ပေးထားမှုအပေါ် ကမန်တိုင်းရင်းသားတွေက စက်တင်ဘာ ၁၈ ရက်က ရန်ကုန်မှာ သတင်းစာရှင်းလင်း ကန့်ကွက်ခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ကမန်တိုင်းရင်းသားအရေအတွက် ခန့်မှန်းချေ ၄၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013