DVB Logo
Home
မြန်မာသတင်း
ကမန်များအား ရန်ကုန်ပြောင်းရွှေ့မည့် အစိုးရဆုံးဖြတ်ချက်အဆို ပြင်ဆင်ပေးရန်မရှိဟု ဆုံးဖြတ်
DVB
·
March 14, 2018
ကမန်များအား ရန်ကုန်ပြောင်းရွှေ့မည့် အစိုးရဆုံးဖြတ်ချက်အဆို ပြင်ဆင်ပေးရန်မရှိဟု ဆုံးဖြတ်
Donate to DVB

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်း ၃ ခုကနေ ကမန်တိုင်းရင်းသား အိမ်ထောင်စု ၅၅ စုအား ရွေးချယ်ပြီး ရန်ကုန်ကို ရွှေ့ပြောင်းပေးမယ့် အစိုးရရဲ့ ဆုံးဖြတ်ချက် ပြင်ဆင်ပေးဖို့ မရှိကြောင်း ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမောင်မြင့်က အစိုးရဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့ အစီစဉ် ရှိမရှိ အဆိုတင်သွင်းခဲ့တာပါ။

အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေက  အဆိုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အပြင်၊ နိုင်ငံသားဖြစ်ပြီး လူမျိုးစုတွေဖြစ်တဲ့အတွက် အစိုးရရုံးဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့ မလိုဘူးလို့ ဆွေးနွေးခဲ့ကြပါတယ်။

အိမ်ထောင်စု ၅၅ စုဟာ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးစာရင်းဝင် ကမန်တိုင်းရင်းသားတွေ ဖြစ်တဲ့အတွက် အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တွေကလည်း ထောက်ခံဆွေးနွေးခဲ့ပါတယ်။

ဒီအဆိုကို လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ပြီး ကန့်ကွက်သူများတဲ့အတွက် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ မလိုကြောင်း လွှတ်တော်က ဆုံးဖြတ်လိုက်တာပါ။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်က ပြန်လည်ဝင်ရောက်လာမယ့် သူတွေကိုလည်း ရခိုင်ဒေသတခုတည်းမှာသာ နေရာချထားတာမျိုးမလုပ်ဘဲ တိုင်းရင်းသား ညီကိုစိတ်ဓာတ်နဲ့ အခြားတိုင်းနဲ့ပြည်နယ်တွေမှာ ခွဲဝေနေရာချထားပေးဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

သတင်း - အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013