DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်း စမုံဆည်မြောင်းဖျားက တောင်သူများ စိုက်ပျိုးရန် ရေလိုအပ်နေ
DVB
·
August 17, 2018
ဝမ်းတွင်း စမုံဆည်မြောင်းဖျားက တောင်သူများ စိုက်ပျိုးရန် ရေလိုအပ်နေ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်မှာ စမုံဆည်ကြီး တည်ဆောက်ပြီးစီးခဲ့တာ နှစ်၂ဝ ကျော်ကြာခဲ့ပေမယ့် မြောင်းဖျားက တောင်သူတွေ စိုက်ပျိုးဖို့အတွက် ဆည်ရေ မရတဲ့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ရေတွင်းရွာတောင်သူဦးဘိုမြင့်က “စမုံဆည်က ဒီမြောင်းအတိုင်း ရေလွှတ်ပေးမှာမို့ ကျနော်တို့ လုပ်အားပေးပြီး ဒီမြောင်းကြီး တူးခဲ့ရတယ်။ ဆည်ကြီးပြီးကတည်းက တနှစ်တော့ ရေလာဖူးတယ် အဲဒီရေကလည်း ပျိုးထောင်ရေ မဟုတ်ဘူး။ စပါးစိုက်ပြီး အနှံထွက်တဲ့ အောင်ရေပါ။ ဒီမြောင်းပတ်လည်မှာ လယ်ယာဧက တထောင်လောက်ရှိတယ်။ ဒီမြောင်းကရေလာရင် အဲဒါတွေ သုံးရမယ်။ အခုတော့ ကန္တရတောကြီးဖြစ်နေပြီ” လို့ ပြောပါတယ်။

ကုလားကာရွာတောင်သူ ကိုကျော်သူက “ဒီမြောင်းဘေးမှာ ကျနော်လယ်ယာ ၁၂ ဧကလောက်ရှိတယ် တောင်သူဆိုတော့ ရေရရင် စိုက်ပျိုးချင်တာပေါ့။ အခုရေမရတော့ မစိုက်ရဘူး ဆည်ရေသုံးပြီး စိုက်ပျိုရရင် အဆင်ပြေမှာပါ” လို့ ပြောပါတယ်။

စမုံဆည်က ဒုဦးစီမှူး ဦးမြတ်စိုးကျာ်ကတော့ ဆည်မြောင်းဖျားအထိ ရေပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“စမုံဆည်မြောင်းဖျားတွေအထိ ရေပေးနိုင်အောင် ပြင်ရမှာပါ။ အဲလိုပြင်ဖို့တင်ပြထား ပါတယ်။ မြောင်းတွေ ပြန်တူးရမယ်။ စမုံဆည်ကြီးထဲက သဲနုံးတွေ ပြန်ဆယ်ရမယ်။ အဲဒါဆို သုံးရာသီလုံး ရေပေးနိုင်မှာပါ။ အခုတော့ ဝမ်းတွင်းနယ် တမာကန်ရွာနားအထိပဲ ရေပေးနိုင်သေးတယ်”

စမုံဆည်ရေပြည့်ရင် လယ်ယာဧက လေးသောင်းလောက်ကို ရေပေးနိုင်ပါတယ်။ အညာဒေသမှာ မိုးမရွာလို့ စမုံဆည်ထဲမှာ ရေနည်းပါးနေပါတယ်။

စမုံဆည် မြောင်းမကြီးကနေ ခွဲထွက်ထားတဲ့ လက်တံမြောင်း ၃၃ မြောင်းရှိနေပြီး လက်တံမြောင်း ၁၁ မြောင်း အထိသာ ရေပေးနေကာ ကျန်လက်တံမြောင်းက တောင်သူတွေလည်း စိုက်ပျိုးဖို့ ရေလိုချင်နေကြပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013