DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ရွာကပြန်ဆပ်သည့် စိုက်ဘဏ်ချေးငွေ လုယက်ခံရ
DVB
·
March 11, 2019
ဝမ်းတွင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ရွာကပြန်ဆပ်သည့် စိုက်ဘဏ်ချေးငွေ လုယက်ခံရ
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၁/၆ နဲ့ ၇ အကြားမှာ သခွတ်မြင့်ရွာက ပြန်ဆပ်တဲ့ စိုက်ဘဏ်ချေးငွေ သိန်း ၆၀ ကျော် လုယက်ခံရတာကြောင့် မတ် ၁၀ ရက်နေ့မှာ အမှုဖွင့်လိုက်တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "ဖြစ်တာက မနေ့ကပါ။ ဒီနေ့အမှုလာဖွင့်ပါတယ်။ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ခွကြားထဲမှာ ခြေထောက်နဲ့ ညှပ်လာတယ်၊ အဲတာကို ဆွဲလုသွားတယ် ပြောတယ်။ ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးဖို့ လုပ်ဆောင်နေပါတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။

ဖြစ်စဉ်မှာ သခွတ်မြင့်ရွာ အုပ်ချုပ်ရေးမှူး ဦးပြုံးလွင်ဟာ ရွာက ပြန်ဆပ်တဲ့ စိုက်ဘဏ်ချေးငွေ ၆၃ သိန်းကို ကိုယ်စားလှယ်အနေနဲ့ စိုက်ဘဏ်မှာ အပ်နှံပေးဖို့ သယ်ဆောင်လာခဲ့တာပါ။ မြေတိုင်ကန်ရွာ လမ်းခွဲအနီးမှာ အသက် ၃၀ ဝန်းကျင်ရှိ အမည်မသိ လူ ၂ ဦး ဆိုင်ကယ်နဲ့ လိုက်လာပြီး နောက်ခုံမှာထိုင်လာသူက ပိုက်ဆံအိတ်ကို လုယူသွားပါတယ်။

ဦးပြုံးလွင်ရဲ့ ညီဖြစ်သူ ကိုစိုးနိုင်က "အကိုတယောက်တည်း ဆိုင်ကယ်နဲ့ လာတာ၊ နောက်က ဆိုင်ကယ်နဲ့ လိုက်လာပြီး လုယူတာခံလိုက်ရတာ။ အဲလို အလုခံလိုက်ရတော့ အကိုက ကြောင်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ နောက်မှ စိုက်ဘဏ်ကို ဖုန်းဆက်တယ်၊ နောက်ရဲစခန်းကို ဆက်တယ်တဲ့၊ မနက် ၁၁ နာရီလောက်မှာ အလုခံလိုက်ရတာပါ။ ဒုစရိုက်သမားတွေ အတော်ရဲတင်းလာတယ်" လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းမှာ လုယက်မှု အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ နဲ့ အမှုဖွင့်ပြီး စုံးစမ်းရှာဖွေနေပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013