DVB Logo
Home
မြန်မာသတင်း
လိင်တူ၊ လိင်ကွဲ အချစ်သရုပ်ဖော် ရသတမျိုး ခံစားရမယ့် နီနီခင်ဇော်ရဲ့ Stand By Me သီချင်း (ရုပ်သံ)
DVB
·
August 16, 2018
လိင်တူ၊ လိင်ကွဲ အချစ်သရုပ်ဖော် ရသတမျိုး ခံစားရမယ့် နီနီခင်ဇော်ရဲ့ Stand By Me သီချင်း (ရုပ်သံ)
Donate to DVB

 

“အတားအဆီးတွေများတဲ့… ငါ့ဘဝထဲ… ဝင်လာပြီးတော့… ငါ့ကိုချစ်ခဲ့တဲ့သူ… Baby…
အမြဲတမ်းလို ငါငိုကြွေး… ဝမ်းနည်းနေလည်း… ရှင်သန်ဖို့အတွက် မင်း တကယ်ပေးခဲ့… အားတွေနဲ့…”

ဒါကတော့ နီနီခင်ဇော်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ Stand By Me သီချင်းထဲ က သီချင်းစာသား တပိုင်းတစပါပဲ။
ဒီတခါမှာတော့ မြူးမြူးကြွကြွ သီချင်းပုံစံကနေ ခွဲထွက်ပြီး နောက်ထပ်ပုံစံတမျိုးနဲ့ ပြန်လည်သီဆိုထားတဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်လာခဲ့တာပါ။

ဒီသီချင်းဟာ သူ့ရဲ့ U အမည်ရတဲ့ သီချင်းအယ်လ်ဘမ်ထဲမှာ ပါဝင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပြီး ဒီတခါမှာတော့ Acoustic ပုံစံနဲ့ ပရိသတ်တွေက နားဆင်ခံစားကြရမှာ ဖြစ်ပါတယ်။

အရင်က မြူးမြူးကြွကြွ သီချင်းပုံစံကနေ ခပ်အေးအေး ပုံစံနဲ့ ပြန်သီဆိုထားတဲ့ ဒီသီချင်းထဲမှာ လိင်တူ၊ လိင်ကွဲ သရုပ်ဆောင်ချက်တွေနဲ့ ထူးထူးခြားခြား ရိုက်ကူးထားခဲ့တာပါ။

သီချင်းထဲမှာတော့ အောင်မြင့်မြတ်နဲ့ အိမီမီကို၊ မေဦးနဲ့ ဟန်လင်း၊ စိုင်းတွမ်ခမ်းနဲ့ မထက်၊ ယမင်းစုမော်နဲ့ သဲသဲ၊ ဖြိုးဖြိုးနဲ့ မျိုးဦး စတဲ့ စုံတွဲသရုပ်ဆောင်တွေ ပါဝင် သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

“အို… ခရီးဆက်မယ်… ဟိုးအဝေးဆုံးထိ… အတူရွက်လွှင့်မယ်… ကိုယ့်ကမ္ဘာငယ်ထဲ…
I’m not da perfect… without you
You’re my reason… I love you
Oh! You are my sunshine… through the sky
You raise my hands… and let me fly
You are the one… who makes me feel
Thank you Baby… just stand by me”

ဒီသီချင်းရုပ်သံကို ဒါရိုက်တာ Snow Miley က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပြီး ပါဝင်ထားသူအားလုံးက အဖြူရောင်ဝတ်စုံတွေနဲ့ သရုပ်ဆောင်ထားခဲ့တာကလည်း အမြင်ဆန်းနေခဲ့တာပါ။

လက်ရှိမှာတော့ ဒီသီချင်းရုပ်သံ ဗွီဒီယိုဖိုင်ကို ၄ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်း ကျော်နေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013