DVB Logo
Home
မြန်မာသတင်း
လမ်းပန်းဆက်​သွယ်​​ရေးခက်​ခဲသည့် ရေဘေးသင့်ပြည်သူ ၇ဝဝ ခန့်ကို အခမဲ့ဆေးဝါးကုသပေး
DVB
·
August 13, 2018
လမ်းပန်းဆက်​သွယ်​​ရေးခက်​ခဲသည့် ရေဘေးသင့်ပြည်သူ ၇ဝဝ ခန့်ကို အခမဲ့ဆေးဝါးကုသပေး
1 / 2
Donate to DVB

ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ရေဘေးသင့်ကျေးရွာ ၃ ရွာက အရေးပေါ် လူနာ ၁ ဦးနဲ့ ရောဂါဝေဒနာရှင် ၇ဝဝ လောက်ကို အခမဲ့ ကုသပေးခဲ့ပါတယ်။

ရန်ကုန်မြို့၊ အသောက ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုအသင်း (မင်္ဂလာဒုံ)နဲ့ ဗုဒ္ဓဝံသရက္ခိတအသင်း (ဗိုလ်တထောင်)တို့ ပူးပေါင်းပြီး သြဂုတ် ၁၁ ရက်မှစပြီး ၂ ရက်ကြာ နယ်လှည့် ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးခဲ့တာပါ။

ဇူလိုင် ၃၁ ရက်နေ့မှ စတင်ပြီး သံလွင်မြစ်ရေ ပြန်လည်ကျဆင်းခဲ့ပေမယ့် လမ်းပန်းဆက်သွယ်ရေး သွားလာရ ခက်ခဲတဲ့ ဘားအံမြို့နယ်အတွင်းက ပန်းကုံးကျေးရွာ အုပ်စု၊ အာလင်္ဝကုန်း၊ ကျုံဖရဲ၊ ဝင်းကျန်ကျေးရွာတွေက အရေးပေါ် လူနာ ၁ ဦးနဲ့ ရောဂါဝေဒနာရှင် ၇ဝဝ လောက်ကို ကွင်းဆင်းဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးခဲ့တာပါ။

ဘားအံမြို့နယ်၊ အာလင်္ဝကုန်းကျေးရွာ၊ မနန်းဝင်းအေးက “ရေကြီးတုန်းက သားလေးက နေမကောင်းဘူး။ ရေတတန် ကုန်းတတန်သွားရတာပေါ့၊ အခက်အခဲရှိတာပေါ့။ ရေက ရင်ဆို့လောက် ရောက်နေပြီ။ သားလေးက ကိုယ်တွေ အရမ်းပူနေတော့ ကလေးအတွက် စိတ်ပူတာပေါ့။ အဖျားကလည်း မကျဘူး။ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အပေါ် ဘယ်လို ခံစားရလဲဆိုတော့ ဝမ်းသာတာပေါ့နော်။ စိတ်ထဲမှာ ကလေးတွေ လာပြရတော့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်တာပေါ့” လို့ ပြောပါတယ်။

ရန်ကုန်မြို့၊ အသောက ကျန်မာရေး၊ ပညာရေးစောင့်ရှောက်မှုအသင်း၊ ဆရာတော် ဒေါက်တာပညိန္ဒက “အဓိကကတော့ တောနေလူတန်းစားနဲ့ ဝေးလံခေါင်ဖျားမှာနေတဲ့ တောသူတောင်သားတွေက ဘာဖြစ်နေလဲဆိုတော့ အခြေခံကျန်းမာရေးဗဟုသုတ အင်မတန်နည်းပါးပါတယ်။ နည်းပါးတဲ့အတွက်ကြောင့် သူတို့ကို မြင်ရတာလည်း ကရုဏာသက်မိတယ်။ ကျန်းမာရေး ဗဟုသုတ မရှိတာဟာ သူတို့ဘဝအတွက် ကျန်းမာရေးအရ ဆုံးရှုံးနေတယ်လို့ မြင်တယ်။ ရပ်ရွာပြည်သူတွေရဲ့ ကျန်းမာရေး အသိပညာတွေ များများ ပေးနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကောင်းမယ်” လို့ မိန့်ကြားပါတယ်။

ဘားအံမြို့နယ်၊ ပန်းကုန်းကျေးရွာ၊ ဦးမြင့်ဇော်ဦးက “ရေကြီးတော့ စက်လှေနဲ့ သွားရလာရတာ အဆင်မပြေပါဘူး။ အခုလိုမျိုးလာပေးတော့ ဝမ်းလည်း ဝမ်းသာပါတယ်။ ကျနော်တို့ ဒေသမှာတော့ ကျန်းမာရေး ဆေးခန်းတွေကတော့ ပန်းကုံးအုပ်စုမှာ ဆေးခန်းတော့ ရှိတယ်။ ဆရာဝန်ကောင်းကောင်းလေး တယောက်လောက်တော့ ထားစေချင်တာပေါ့။ မွေးလူနာတွေ အရေးပေါ် ၂၄ နာရီ အချိန်မရွေး လွယ်လွယ်ကူကူနဲ့ ဖြစ်စေချင်တယ်။ ဘားအံထိ သွားမယ်ဆို ကျနော်တို့အတွက်က အခက်ခဲရှိတယ်”လို့ ပြောပါတယ်။

အဆိုပါအဖွဲ့မှာ ဆရာဝန် ၇ ဦး၊ သူနာပြု ဆေးဝါးကျွမ်းကျင် ၁၂ ဦး၊ အကူ ၂၁ ဦးတို့က ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ကျေးရွာတွေမှာ နယ်လှည့်ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးခဲ့တာပါ။

ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရတဲ့ ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲတဲ့ ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေပြီး ကျန်းမာရေးဌာနက ကွင်းဆင်းကုသမှုတွေ ဆောင်ရွက်ပေးတာ မရှိသေးတဲ့အတွက် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတွေကို ဒေသခံတွေက စိုးရိမ်နေကျပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013