DVB Logo
Home
နိုင်ငံရေး
အစိုးရသစ်လက်ထက် မြို့နယ်အုပ်ချုပ်ရေးတွင် တာဝန်ထမ်းဆောင်ရန် ဒုတပ်ရင်းမှူးစာရင်းကောက်
DVB
·
March 18, 2026
Photo - Militrary
Photo - Militrary
Donate to DVB

ကြံ့ခိုင်ရေးအစိုးရသစ်လက်ထက် မြို့နယ်အုပ်ချုပ်ရေးမှာ တာဝန်ထမ်းဆောင်ဖို့အတွက် စစ်ကောင်စီက တပ်ရင်း၊ တပ်ဖွဲ့တွေကနေ ဒုတပ်ရင်းမှူးစာရင်းတွေ ကောက်ယူနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောင်စီလို့ ခေါ်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှာ တာဝန်ထမ်းဆောင်ဖို့ ဒုတပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိသူတွေကို စစ်ကောင်စီတပ်အတွင်း စာရင်းကောက်ယူနေတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“စီမံခန့်ခွဲရေးအတွက်ရေးရော၊ မြို့နယ်ဒေသန္တရအဖွဲ့အစည်းတွေအတွက်ပါ စာရင်းကောက်တာ။ အရင်က မြို့စောင့်တပ်က ဒုတပ်ရင်းမှူးက စီမံအဖွဲ့ဝင် ၁၊ အခုကျတော့ မြို့နယ်ဒေသန္တရအဖွဲ့အစည်းတွေမှာပါ စစ်တပ်က သူ့လူတွေထားဖို့အတွက် စာရင်းကောက်နေတာ။” 

ကြံ့ခိုင်ရေးအစိုးရသစ်လက်ထက်မှာ ထွေအုပ်၊ အကောက်ခွန်၊ မြို့နယ်စည်ပင်၊ နယ်စပ်ရေးရာ အစရှိတဲ့ ဌာနတွေမှာ စစ်ကောင်စီက တဝက်၊ ကြံ့ခိုင်ရေးကတဝက် ပေါင်းပြီး အုပ်ချုပ်သွားမယ့် အစီအစဥ်မျိုး ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ရပ်ကျေးအုပ်ချုပ်ရေးကစပြီး တိုင်းအထိ စစ်တပ်ဘက်က တိုက်ရိုက်ခန့်တဲ့သူနဲ့ ကြံ့ခိုင်ရေးက တာဝန်ပေးတဲ့သူ ပေါင်းပြီး အုပ်ချုပ်သွားမယ့်ပုံစံ။ မြို့နယ်အုပ်ချုပ်ရေးဆိုလည်း စစ်တပ်ရော၊ ပါတီက တာဝန်ပေးမယ့်သူရော ပါမှာ။” 

မြို့နယ်အုပ်ချုပ်ရေးမှာ တာဝန်ပေးဖို့အတွက် ဒုတပ်ရင်းမှူးစာရင်းကို မတ် ၁၂ ရက်ကတည်းက စစ်ကောင်စီ လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးရုံးက တပ်ရင်း၊ တပ်ဖွဲ့တွေကို ကြေးနန်းပို့ခဲ့တာ ဖြစ်ပါတယ်။

အရပ်သားအစိုးရသစ်လို့ စစ်ကောင်စီက ကြွေးကြော်နေပေမဲ့ စစ်တပ်က အာဏာကို လက်မလွှတ်နိုင်သေးဘဲ အရပ်ဘက်ဌာနဆိုင်ရာ အဖွဲ့အစည်းတွေပါ နေရာယူနေတာကို ကြည့်ရင် စစ်တပ်က အာဏာကို ထိန်းချုပ်ထားမယ့်သဘောရှိတယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိပါတယ်။

၂၀၂၁ ခုနှစ်မှာ ရွေးကောက်ပွဲအနိုင်ရတဲ့ NLD ပါတီက သမ္မတနဲ့နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ်ကို စစ်တပ်က ဖမ်းဆီးကာ အာဏာသိမ်းခဲ့ပြီး ၅ နှစ်ပြည့်တဲ့အချိန်မှာ အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013