
ဘုန်းမောက်ကို အိမ်ကွင်းမှာ (၁ - ၂) ဂိုးနဲ့ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ် နည်းပြ အာတေတာက “ဒီရှုံးနိမ့်မှုဟာ မျက်နှာကို လက်သီးနဲ့ အပြင်းထိုးခံရသလို နာကျင်ရကြောင်း” ပွဲအပြီးမှာ ဖွင့်ဟပြောပါတယ်။
ပွဲစဉ် ၃၂ အပြီးမှာ မန်စီးတီးကို ၉ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပေမဲ့ ဒီရှုံးနိမ့်မှုကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြန်ပြီး စိုးရိမ်စရာလည်း ဖြစ်လာပါတယ်။
မန်စီးတီးက အာဆင်နယ်ထက် ၂ ပွဲ လျော့ကစားထားတာကြောင့် ဒီညမှာ ချယ်လ်ဆီးကို နိုင်ခဲ့ရင် အမှတ်ကွာဟချက်က ၆ မှတ်ပဲ ရှိပါတော့မယ်။
လာမဲ့ တနင်္ဂနွေနေ့မှာတော့ အာဆင်နယ်ဟာ မန်စီးတီးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲရလဒ်က ချန်ပီယံဆုအတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။
နည်းပြ အာတီတာကတော့ ကစားသမားတွေရဲ့ တုံ့ပြန်မှုကိုလည်း စောင့်ကြည့်ရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ Opta ရဲ့ ခန့်မှန်းချက်အရ အာဆင်နယ်ဟာ ချန်ပီယံဖြစ်ဖို့ ၉၃ ဒသမ ၆၂ ရာခိုင်နှုန်းအထိ အခွင့်အရေးရှိနေဆဲ ဖြစ်ပါတယ်။










