DVB Logo
Home
မြန်မာသတင်း
ယုဇန၊ မေစံပယ်ညို၊ ခင်ဘုဏ်း၊ ရေဗက္ကာဝင်းတို့ရဲ့ ကိုယ်ပိုင်သံစဉ်တေးသစ် (ရုပ်သံ)
DVB
·
August 1, 2018
ယုဇန၊ မေစံပယ်ညို၊ ခင်ဘုဏ်း၊ ရေဗက္ကာဝင်းတို့ရဲ့ ကိုယ်ပိုင်သံစဉ်တေးသစ် (ရုပ်သံ)
Donate to DVB

 

“ရင်ထဲမှာ စကားလုံးတွေ များစွာ… တယောက်တည်း ငါ ကြိတ်မှိတ်ရေရွတ်လို့… နင်မပါတဲ့ ငါ့ကမ္ဘာ… ပူလောင်လွန်းလို့ပါ… အရင်အချိန်တွေ… ကိုယ်ပြန်မျှော်လင့်ခဲ့”

ဒါကတော့ သီချင်းသစ်တွေ မကြားရတာကြာပြီဖြစ်တဲ့ အမျိုးသမီးအဆိုတော်တွေ ဖြစ်ကြတဲ့ ယုဇန၊ မေစံပယ်ညို၊ ခင်ဘုဏ်း၊ ရေဗက္ကဝင်းတို့ သီဆိုထားတဲ့ သီချင်းသစ်တပုဒ်ထဲက သီချင်းစာသားတွေ ဖြစ်ပါတယ်။

ဒီသီချင်းရဲ့ နာမည်ကိုတော့ “အရင်လို အသက်ရှူမဝတဲ့ ပဋိပက္ခ အလွမ်းနေ့ရက်ရှည်”လို့ အမည်ပေးထားပြီး ကိုယ်ပိုင်သံစဉ်သီချင်းတပုဒ်ဖြစ်ကာ အဆိုတော် ခင်ဘုဏ်းက သူကိုယ်တိုင် ရေးဖွဲ့ထားခဲ့တာပါ။

“အိပ်မက်မှာ ခဏလောက် အလည်လာခဲ့ပါ… တချိန်ချိန် အနားကို မင်းများ ပြန်လာမလားလို့… မချစ်တတ်လို့ မဟုတ်ပါ… ရှင်းမပြတတ်ခဲ့ပါ… ပြန်လာပါ… ရင်ခွင်မှာ ဟာတာတာနဲ့”

ပေါ့ပ်၊ R&B သီချင်းအမျိုးအစား ချိုချိုတွေနဲ့အတူ ပရိသတ်တွေကြားမှာ အားပေးမှုတွေ ရရှိခဲ့ကြတဲ့ အဆိုတော် ၄ ယောက်ရဲ့ ဒီသီချင်းဟာ လတ်တလောမှာတော့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်းကို အဆိုတော် ခင်ဘုဏ်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သောင်းနဲ့ချီ ရှိနေခဲ့တာပါ။

Beer Factory မှာ ရိုက်ကူးထားခဲ့တဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူတို့ ၄ ယောက်လုံး ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

“ငါ မငိုပါ၊ ရပ်စောင့်ခဲ့ နေရာဟောင်းထဲ… အချစ်ကြီးသူ အရှုံးသမားအဖြစ်ကို မြင်ကြည့်လှည့်… ငါ တကယ်ကို အသက်ရှူလို့တောင် မ၀သေးဘူး… အကြိမ်ကြိမ်ငါ အလွမ်း နေ့ရက်ရှည်တွေကြောင့် ရူး… အရင်တိုင်း ငါ လွမ်းနေတယ်… အရင်လိုပဲ ချစ်နေတယ်… နင်လေ ငါ့ရဲ့အချစ်တွေ အပြစ်မယူနဲ့…”

ရုပ်သံ- ခင်ဘုဏ်း ဖေ့စ်ဘွတ်ခ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013