DVB Logo
Home
မြန်မာသတင်း
တပ်တွင်းစည်းလုံးမှု ပြိုကွဲမှုမဖြစ်စေရန် ဒုတပ်ချုပ်ပုံဟောင်းများဖြင့် ဝါဒဖြန့်
DVB
·
April 4, 2026
Photo : Min Din
Photo : Min Din
Donate to DVB

ဒုတပ်ချုပ်နေရာကနေ ဖယ်ရှားခံလိုက်ရတဲ့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကြောင့် တပ်တွင်းစည်းလုံးမှု ပြိုကွဲမှု မဖြစ်စေဖို့ ဧပြီ ၃ ရက်မှာ စစ်ကောင်စီရဲ့ တန်ပြန်ဝါဒဖြန့်ချိရေးအဖွဲ့က ဒုစစ်ခေါင်းဆောင်ရဲ့ ပုံဟောင်းတွေကို အသုံးပြုကာ ဝါဒဖြန့်ချိခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကို သမ္မတအဖြစ် ရွေးချယ်တဲ့ ဧပြီ ၃ ရက်က ဒုတပ်ချုပ်ရာထူးကို လက်လွှတ်လိုက်ရတဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ပုံဟောင်းတွေကို အသုံးပြုကာ စစ်ကောင်စီဘက် က ဝါဒဖြန့်ချိခဲ့တာလို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့မိသားစု နေပြည်တော်မှာ စျေးဝယ် ထွက်ခဲ့တဲ့ ပုံတွေကို ဧပြီ ၂ ရက် ည ၁၁ နာရီခွဲမှာ စစ်တပ်လော်ဘီ တယ်လီဂရမ်အချိုနဲ့ စရဖ (အထက်မြန်မာပြည်) Tiktok တွေကနေ စတင်ဝါဒဖြန့်ဝေခဲ့တာလို့ နေပြည်တော် သတင်းအရင်းအမြစ် တယောက်က DVB ကို ပြောပါတယ်။

“ဒီပုံတွေက ဒုချုပ်တာဝန်ကနေ အနားယူပြီးမှ ရိုက်ထားတဲ့ပုံတွေမဟုတ်ဘူး ၂၀၂၀ နှစ်ကုန်ပိုင်းက သူမိသားစု နဲ့ နေပြည်တော်မှာ စျေးဝယ်ထွက်တုန်းက ထောက်လှမ်းရေးက ရိုက်ထားတဲ့ပုံတွေ။ အဲဒီတုန်းကလည်း လုံခြုံရေးအပြည့်ပဲ။ အဲဒီပုံတွေကို ၂ ရက်နေ့ ည ၁၁ နာရီခွဲမှာ စစ်တပ်ရဲ့ တယ်လီဂရမ်အချို့က တင်တယ်။ ဧပြီလ ၃ ရက် မနက်အစောပိုင်းမှာ စရဖ (အထက်မြန်မာပြည်) Tiktok အကောင့်တွေမှာ တင်တယ်။” 

စစ်ကောင်စီရဲ့ စစ်ရေးအဝဝကို တာဝန်ယူခဲ့တဲ့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းအနေနဲ့ ရာထူးကနေ ဖယ်ရှားခံရပြီးနောက် လူမြင်ကွင်းမှာ အခုလို ပေါ်တင်သွားလာမှာမဟုတ်ကြောင်း စစ်ရေးလေ့လာ သုံးသပ်သူတယောက်က DVB ကို ပြောပါတယ်။

“တနိုင်ငံလုံးကို လေယာဥ်နဲ့ဗုံးကြဲဖို့ အမိန့်ပေးခဲ့တဲ့သူ၊ ဒုတပ်ချုပ်ဖြစ်တုန်းကတောင် နေရာ တခု သွားရင် လုံခြုံရေးကို တပတ်လောက်ကြိုပြင်ထားရတာ။ အခုလို ရာထူးမရှိတော့တဲ့အချိန်မှာ လူမြင်ကွင်းမှာ ပေါ်တင်သွားလာရဲမလား၊ သာမန် ဦးနှောက်ရှိတဲ့သူတောင် စဥ်းစာတတ်တယ်။” 

ဒီလိုလုပ်ဆောင်တာဟာ ရာထူးကနေ နေရာတနေရာမှ ပြန်မရဘဲ ဘေးရောက်သွားတဲ့ ဒုဗိုလ်ချုပ်ကြီးစိုးဝင်းကို ချစ်ခင်လေးစားကြတဲ့ တပ်မိသားစုဝင်တွေ စိတ်သက်သာရာရစေဖို့အတွက်

infromation Sheet လို့ခေါ်တဲ့ တန်ပြန်ဝါဒဖြန့်ချိရေးအဖွဲ့က လုပ်ဆောင်တာလို့ တပ်မိသားစုဝင် တယောက်က DVB ကို ပြောပါတယ်။

“ဦးစိုးဝင်း ဘေးနားရောက်လို့ တပ်ထဲမှာ စိတ်မကောင်းတဲ့သူတွေရှိသလို ဒေါသဖြစ်နေတဲ့ သူတွေ လည်း ရှိတယ်။ ဒါကို စိတ်သက်သာရာရစေဖို့ ဦးစိုးဝင်းက မိသားစု နဲ့ အေးချမ်းနေပြီဆိုတဲ့ အတွေးမျိုး တပ်မိသားစုတွေဆီ ရောက်သွားတာ၊ သမ္မတရွေးတဲ့နေမှာ အချိန်ကိုက်ဝါဒဖြန့်တာ။” 

မတ် ၃၀ ရက်က သမ္မတရွေးချယ်ရမယ့် စစ်ခေါင်းဆောင်က တပ်ချုပ်နေရာကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို လွှဲပြောင်းပေးခဲ့သလို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒုတပ်ချုပ်နေရာကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လွှဲပေးခဲ့ရပါတယ်။

စစ်ကောင်စီတပ်နဲ့ပတ်သက်တဲ့ သတင်းတွေကို ဝါဒဖြန့်နေတဲ့အဖွဲ့မှာ Information Sheet လို့ ခေါ်တဲ့ တန်ပြန်ဝါဒဖြန့်ချိရေးအဖွဲ့ဖြစ်ပြီး ၂၀၂၆ ခု ဇန်နဝါရီ ၃၁ ရက်မှာ စစ်ခေါင်းဆောင်က ဗိုလ်ချုပ်အောင်မျိုးသန့်ကို ဥက္ကဋ္ဌ နေရာထားကာ ဌာန ၉ ဌာနက အရာရှိကြီး ၁၂ ယောက်နဲ့ ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013