DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းပညာရေးဌာန ဘွဲ့ရအထွေထွေလုပ်သားများကို မူလတန်းပြခန့်ထားရန် တောင်းဆိုမည်
DVB
·
July 21, 2018
ဝမ်းတွင်းပညာရေးဌာန ဘွဲ့ရအထွေထွေလုပ်သားများကို မူလတန်းပြခန့်ထားရန် တောင်းဆိုမည်
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ ပညာရေးဌာနရှိ ဘွဲ့ရအထွေထွေ လုပ်သားတွေကို မူလတန်းပြဆရာအဖြစ် ခန့်ထားပေးဖို့ အစိုးရကို စာနဲ့ တင်ပြ တောင်းဆိုသွားမယ်လို့ ဘွဲ့ရအထွေထွေလုပ်သားတွေက ပြောပါတယ်။

ဂုဏ်ရွာ အထက်တန်းကျောင်းခွဲမှ ဦးကြည်ဖြိုးက "၂ဝ၁၃မှာ ပညာရေးဝန်ကြီးဌာနရဲ့ နေ့စားလပေး အထွေထွေလုပ်သား ခေါ်ရာက စပြီး ပညာရေးဌာနကို ဝင်လာတာပါ။ တမြို့နယ်လုံး အမျိုးသား ၇၇ ယောက် အလုပ်ရပါတယ်။ ဝန်ကြီးဌာနရဲ့ အလုပ်ခေါ်စာမှာ ဘွဲ့ရရင် မူလတန်းဆရာ၊ စာပေးစာယူသင်တန်း တက်ရမယ်လို့ ပါပါတယ်။ ဌာနတွင်း အတွေ့အကြုံတွေ ယူရင်း ဘွဲ့ရအောင် အဝေးသင်ပညာရေးကို ကြိုးစားသင်ယူခဲ့ပါတယ်။ အခုကျတော့ မူလတန်းဆရာဖြစ်သင်တန်း မတက်ရတော့ဘူး ဆိုလာတယ်။ အဲလိုမတက်ရတာ ၂ဝ၁၇ နဲ့ ၂ဝ၁၈၊  ၂ နှစ်ပဲရှိသေးတယ်။ မျှော်လင့်ချက်တွေ ပျောက်နေတယ်၊ မူလတန်းဆရာ ခန့်ထားပေးဖို့ အစိုးရကို တောင်းဆိုသွားမယ်" လို့ ပြောပါတယ်။

အင်းကန်းကုန်း အလကခွဲကျောင်းမှ ဦးရန်အောင်က "၂ဝ၁၃မှာ နေ့စားလပေး အထွေထွေလုပ်သားခေါ်ပါတယ်၊ ဘွဲ့ရရင် မူလတန်းဆရာဖြစ်မယ်လို့ အလုပ်ခေါ်စာမှာပါပါတယ်။ ၂ဝ၁၈ ခုနှစ် ၁ လပိုင်းက ရာထူးတိုးခေါ်ပါတယ်။ ကျနော်တို့ အောက်ခြေဝန်ထမ်းတွေကို မပေးပါဘူး၊ အလုပ်ထွက်ပစ်မယ်လို့တောင် စဉ်းစားမိတယ်။ ကျနော်တို့ရဲ့ လုပ်သက်တွေ အတွေ့အကြုံတွေကို ထောက်ထားပြီး ဝန်ကြီးအနေနဲ့ မူလတန်းဆရာ ဖြစ်ခွင့်ပေးဖို့ တောင်းဆိုမှာပါ" လို့ ပြောပါတယ်။

ဒုပညာရေးမှူး ဦးကျော်မြင့်က "ဟုတ်ပါတယ်။ အရင်ကတော့ အထွေထွေလုပ်သားတွေ ဘွဲ့ရပြီးရင် မဆရလို့ ခေါ်တဲ့ မူလတန်းဆရာဖြစ်သင်တန်းတက်ပြီး မူလတန်းပြဆရာ ဖြစ်တယ်။ အခုတော့ PPTT (Pre-Primary Teacher Training) ဝင်ခွင့်ဖြေရမယ်။ ဌာနတွင်းနဲ့ အပြင်ကဘွဲ့ရ အတူတူ ဖြစ်သွားတယ်" လို့ ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက ဘွဲ့ရအောက်ခြေဝန်ထမ်းတွေ သင်ကြားရေးပိုင်းကို လုပ်သက်နဲ့မပေးတော့ဘူ၊ PPTT စာမေးပွဲဖြေပြီး အောင်မှ ဆရာဖြစ်မှာပါ။ PPTT လေးလ ဆရာဖြစ်သင်တန်းကို နိုင်ငံပိုင်သတင်းစာတွေကတဆင့် လျှောက်လွှာခေါ်ယူလေ့ရှိပါတယ်။ ဌာနတွင်းဝန်ထမ်း အသက် ၃၅ နှစ်သတ်မှတ်ပြီး ဝန်ထမ်းမဟုတ်လျှင် အသက် ၃ဝ သတ်မှတ် ခေါ်ယူပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013