DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်အတွင်း ရာဘာအစေးခြစ်လုပ်သား ၆ သောင်းခန့် အလုပ်လက်မဲ့ဖြစ်နေ
DVB
·
July 14, 2018
ရေးမြို့နယ်အတွင်း ရာဘာအစေးခြစ်လုပ်သား ၆ သောင်းခန့် အလုပ်လက်မဲ့ဖြစ်နေ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရော်ဘာအစေးခြစ် လုပ်ငန်းရပ်နားချိန်မှာ အစေးခြစ်လုပ်သားပေါင်း ၆ဝဝဝဝ နီးပါးလောက် အလုပ်လက်မဲ့ဖြစ်ပြီး အများဆုံးက ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက လာရောက်လုပ်ကိုင်တဲ့သူတွေ ဖြစ်ပါတယ်။

မြို့နယ်ရာဘာလုပ်ငန်းရှင်မှ ဥက္ကဋ္ဌ ဦးမောင်ဟင်းက “ရာဘာအစေးခြစ် ပင် ၁ဝဝဝ ဆိုရင် အစေးခြစ်အလုပ်သမား ၂ ဦး လောက်အစေးခြစ်ရတယ်။ အစေးခြစ်တဲ့သူတွေ တနေ့ဝင်ငွေက ၉ဝဝဝ ကျပ် လောက်ရကြတယ်။ နေရပ်ကိုမပြန်ဘဲ ခြံရှင်မှာ မှီခိုပြီးနေတဲ့ လုပ်သားတွေကို ကြိုတင်ငွေထုတ်ထားပေးရသလို ရာဘာ ဈေးကလည်းမကောင်းတော့ တခြားအလုပ်တွေမှာ ပြောင်းပြီးလုပ်ကိုင်ရသလို တဖက်နိုင်ငံတွေမှာလည်း ထွက်ခွာတော့ လာမယ့်ရာဘာအစေးခြစ် ချိန်မှာ လုပ်သားရှားပါးမှာကို စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ရာဘာခြံအလုပ်သမ မလှလှရီက “ကျမတို့က ရန်ကုန်ကနေလာပြီးတော့ ဒီမှာလုပ်နေတာ။ ကြာတော့ကြာပြီ ၁ဝ နှစ်လောက်ရှိပြီ။ အရင်တုန်းက စလုပ်ခါစ လေးငါးနှစ်လောက်ကတော့ ရာဘာဈေးကကောင်း နေတယ်။ လင်မယားနှစ်ယောက် လုပ်တယ်ဆိုရင် တနေ့ကို တသောင်း တသောင်းကျော်ရ တယ်။ အဲလိုဆိုရင်တော့ အဆင်ပြေတယ်။ အခုဟာက လေးနှစ်လောက်ရှိပြီထင်တယ်။ ဈေးက ငါးရာ ခြောက်ရာကနေ ပိုတက်မလာတော့ဘူး။ အဲလိုဆိုတော့ အလွန်ဆုံးရမှ ငါးထောင် ခြောက်ထောင်ဆိုတော့ မိသားစုက အဆင်မပြေဘူးပေါ့။ မိုးတွင်းဘက်ဆိုတော့ ရာဘာကလည်း ပိတ်တော့။ နွေဘက်လည်း အဆင်မပြေဆို စီးပွားရေးက တော်တော် ကြပ်တည်းတယ်။ ကလေးတွေကလည်းရှိတယ်လေ။ အဲဒီတော့ တခြားအလုပ်တွေ လိုက်လုပ်နေရတာပဲ။ ဒီဈေး အတိုင်းဆိုရင်တော့ နောက်နှစ်လုပ်ဖို့ စိတ်ကူးမရှိတော့ဘူး။” လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ရာဘာဈေးကလည်း မကောင်းဘူး၊ ဒီလာမယ့်နှစ်ကလည်း ဈေးကမကောင်းခဲ့ရင် အစေးခြစ်လုပ်သား ရှားပါးတဲ့ပြဿနာတွေပါ ရှိလာနိုင်သလို ပြီးခဲ့နှစ်က ခြံရှင်နဲ့အစေး ခြစ်လုပ်သားတွေပါ ဝင်ငွေမကောင်းကြသလို အပေးအယူကမမျှတဘူး။ အခုလာမယ့်နှစ်လည်း အလုပ်သမားကိစ္စ ပြဿနာရှိလာနိုင်တယ်” လို့ ရာဘာခြံရှင် ဦးအောင်မြင့်က ပြောပါတယ်။

ရေးမြို့နယ်တွင် ပြီးခဲ့တဲ့နှစ်ရာဘာပေါက်ဈေးအဖွင့်မှာ ၁ ပေါင်လျှင် ကျပ် ၈ဝဝ က နေ အပိတ်ဈေး ၆ဝဝ ကျပ်သာ ဖြစ်ပြီး အခုနှစ်ရာဘာရာသီမှာ ရာဘာအဖွင့်ဈေး တွေကောင်းဖို့ မျှော်လင့်ထားကြသလို အစိုးရဲ့ ကူညီပံ့ပိုးမှုဖြင့် ဈေးကွက်ရယူဖို့ ဆန္ဒတွေရှိနေပြီး ရာဘာအစေးခြစ်စိုက်ဧက ပေါင်းမှာ ၁ သိန်းခွဲလောက်ရှိနေလို့ ဆိုပါတယ်။

နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013