DVB Logo
Home
မြန်မာသတင်း
ကိုးကန့်၊ တအာင်းနှင့် ရခိုင်တပ်ဖွဲ့ကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ပေးရန် ‘ဝ’တိုက်တွန်း
DVB
·
July 13, 2018
ကိုးကန့်၊ တအာင်းနှင့် ရခိုင်တပ်ဖွဲ့ကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ပေးရန် ‘ဝ’တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ငြိမ်းချမ်းရေးမရသေးတဲ့ အဓိကကြောင်းအရင်းမှာ မြန်မာ့တပ်မတော်အနေနဲ့ ကိုးကန့် (MNDAA)၊ တအာင်း (TNLA) နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့ကို အသိအမှတ်မပြုဘဲ ရန်သူလို သဘောထားမှုကြောင့် ဖြစ်တယ်လို့ (UWSA)  ‘ဝ’တပ်ဖွဲ့ ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ပြောပါတယ်။

ဇူလိုင် ၁၁ ရက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံတတိယအစည်းအဝေးမှာ ဝ ပြည်နယ်ရဲ့ ဆွေးနွေးတင်ပြချက်ထဲ ဦးကျော်ကော်အန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ အဆိုပါ လက်နက်ကိုင်တိုင်းရင်းသား ၃ ဖွဲ့ကို ရန်သူလို သဘောထား အပြုတ်တိုက်ဖို့ လမ်းစဉ်ကိုင်နေမှုကြောင့် နှစ်ဖက်နှစ်ပေါင်းများစွာ တိုက်ခိုက်လာပြီး ဘယ်သူမှ အနိုင်မရခဲ့ကြောင်း ပြောပါတယ်။

တိုက်ပွဲကြောင့်  ငြိမ်းချမ်းရေးရရှိထားတဲ့ ဒေသကို ထိခိုက်နိုင်တဲ့အတွက် မြန်မာနိုင်ငံ မြောက်ပိုင်း ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ဖို့ မြန်မာ့တပ်မတော်အနေနဲ့ လက်တွေ့အခြေ အနေကို ရြှုမင်ပြီး အားလုံးပါဝင်ရေးကို အကောင်အထည်ဖော်ပြီး အဆိုပါသုံးဖွဲ့ကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်စေဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) ကို လက်မှတ် အရင်ထိုးပြီးမှ ပြင်ဆင်ခွင့်နဲ့ နုတ်ထွက်ခွင့်ကို အစိုးရနဲ့ တပ်မတော်ဘက်က စာအားဖြင့် ကတိခံရင် အန်စီအေမှာ လက်မှတ်ထိုးဖို့ တက်ကြွစွာ စဉ်းစာပေးမယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်တို့အနေနဲ့ အရင်က ပြုလုပ်ခဲ့တဲ့ အန်စီအေ ပြင်ဆင်လို့ မရဘူးဆိုတဲ့ လမ်းစဉ်အပေါ် ပြန်လည်ရောက်ရှိသွားတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တိုးဖို့အတွက် မကောင်းတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံ မြောက်ပိုင်းငြိမ်းချမ်းရေးဟာ အခက်အခဲများစွာ ရှိနေပေမယ့် ဝ ပြည်အနေနဲ့ သဘောရိုးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ဖော်ဆောင်သွားမယ်၊ နှစ်ဖက် ဆွေးနွေးမှု၊ ညှိနှိုင်းမှု၊ တွေ့ဆုံမှု စတဲ့ ထိတွေ့ဆက်ဆံမှု တံခါးကို ဘယ်တော့မှ ဦးစွာ တဖက်သတ် ပိတ်လိုက်မှာ မဟုတ်ကြောင်းလည်း  ဦးကျောက်ကော်အန်းက ပြောပါတယ်။

Photo : Cincds

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013