DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်နှင့် တအာင်းလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲဖြစ်
DVB
·
February 6, 2018
ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်နှင့် တအာင်းလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲဖြစ်
Donate to DVB

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ထဲမှာ တပ်မတော်နဲ့ တီအန်အယ်လ်အေ တအာင်းလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်နေပြီး အနီးအနားက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြိမ်မွန်းကျေးရွာအုပ်စု၊ ဒါခိုင်းရွာသားတွေကတော့ ကွတ်ခိုင်ဘက်ကို သွားဖို့ခက်လို့ သိန္နီမြို့နယ်ထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

သိန္နီမြို့က သင်းအုပ်ဆရာတော် ခွန်ဂေါင်က “ဖေဖော်ဝါရီ ၄ ရက်နေ့က သူတို့ရွာထဲကို လက်နက်ကြီးတွေကျလို့ ရွာသားတွေ အားလုံး ရွာပြင်ထွက်နေကြရတယ်။ ညဘက်လည်း ရွာပြင်မှာနေပြီး သိန္နီမြို့နယ်၊ ကောင်းအိုင်ရွာကို ပြေးလာကြတယ်။ ဘုန်းကြီးကျောင်းက ဇရပ်တွေမှာ နေကြတယ်” လို့ ပြောပါတယ်။

ရွာလုံးကျွတ် ပြေးလာကြတာဖြစ်ပြီး လူ ၁၅၈ ယောက်ရှိကာ စစ်ဘေးရှောင်တွေကို မြို့နယ်ထွေအုပ်က ဆန်နဲ့ဆီတွေ ထောက်ပံ့ပေးထားပါတယ်။

တိမ်းရှောင်ရမယ့်ကာလ ဘယ်လောက်ကြာနိုင်လဲဆိုတာ ကြည့်ပြီး ခရစ်ယာန် အသင်းတော်အနေနဲ့ ကူညီဖို့ စီစဉ်နေတယ်လို့လည်း သူက ဆိုပါတယ်။

ဖေဖော်ဝါရီ ၅ ရက် မနက်ကလည်း ကွတ်ခိုင်ပေါ်က မိုင် ၃၀ ဝေးတဲ့ ဖာဖိန်ရွာနဲ့ ငေါ့ငါးရွာကြားမှာ တပ်မတော် တပ်မ ၁၁ နဲ့ တီအန်အယ်လ်အေ တပ်မ ၅၇၁ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ တီအန်အယ်လ်အေ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

အဲဒီနေရာဟာ ဒါခိုင်းရွာနဲ့လည်း နီးစပ်ပြီး ရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငေါ့ငါးရွာ ဒေသခံတယောက်က “မနေ့ကတော့ ရွာနားမှာဖြစ်နေတာ။ ဒီနေ့တော့ ရွာနဲ့လှမ်းလှမ်းမှာပဲ ဟိုပစ်၊ ဒီပစ်သံကြားတယ်။ ရွာသားတွေကတော့ မိုင်းယုလေးနဲ့ နမ့်ဖတ်ကာဘက် ပြေးသွားကြတယ်” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်လောက်ကပဲ အဲဒီဝန်းကျင်တွေမှာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်နေပြီး မနေ့ကတော့ ရဟတ်ယာဉ်နဲ့ လာရောက်တိုက်ခိုက်တယ်လို့ တီအန်အယ်လ်အေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013