
စပါးအသင်းဟာ နယူးကာဆယ်ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ နည်းပြ ရိုဘာတို ဒီဇာဘီလက်အောက်မှာ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ အတည်ပြုပြီးနောက် စပါး အသင်းက အခုလို ကြိုးပမ်းတာ ဖြစ်ပါတယ်။
မန်ယူ၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ကလည်း တိုနာလီကို စိတ်ဝင်စားခဲ့ကြပေမဲ့ အခုတော့ စပါးက အဓိက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
စပါးအသင်းက ဥရောပပြိုင်ပွဲဝင်ခွင့် မရှိတာကြောင့် တိုနာလီကို ခေါ်ယူဖို ခက်ခဲနိုင်ကြောင်း နည်းပြ ဒီဇာဘီက မျှော်လင့်ထားပါတယ်။
စပါးအသင်းဟာ ဒီနွေရာသီမှာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ လိုအပ်နေတာပါ။ ယီဗက်စ် ဘစ်ဆူးမားအသင်းက ထွက်ခွာတော့မှာဖြစ်သလို ဇာဗီဆိုင်မွန်စ်လည်း ဒဏ်ရာကြောင့် အနားယူ ရမှာ ဖြစ်ပါတယ်။
လီဗာပူးကနေ အန်ဒီရော်ဘတ်ဆန်နဲ့ ဘုန်းမောက်ကနေ မားကိုစ်ဆီနီစီတိုလည်း အလွတ်ပြောင်း ရွှေ့ကြေးနဲ့ ရောက်ရှိလာတာပါ။
နည်းပြ ဒီဇာဘီကတော့ ဘိုင်ယန်မြူးနစ်ကနေ အငှားနဲ့ ရောက်နေတဲ့ ဂျာအိုပါလင်ညာကို အသင်းမှာ ဆက်ထိန်းထားချင်ကြောင်း ပြောကြားထားပါတယ်။
Photo:Reuters










