
မန်ယူယာယီနည်းပြ မိုက်ကယ်ကာရစ်က ဘုန်းမောက်နဲ့ (၂-၂) ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ ဒိုင်လူကြီးရဲ့ ပင်နယ်တီဆုံးဖြတ်ချက်တွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ပွဲစဉ်အတွင်း မန်ယူအသင်း ပထမပင်နယ်တီ ရရှိခဲ့ပေမဲ့ ဒုတိယပိုင်းမှာ အာမတ်ဒီယာလို ဧရိယာ အတွင်း လူဆွဲလှဲခံရမှုကိုတော့ VAR က ပင်နယ်တီ မပေးခဲ့တာကြောင့် ကာရစ်က စိတ်ပျက် နေတာပါ။
မက်ဂွိုင်းယားကြောင့် ဘုန်းမောက်ကို ပင်နယ်တီ ပြန်ပေးခဲ့ရချိန်မှာ သူတို့ ရသင့်တဲ့အခွင့်အရေးကို ငြင်းပယ်ခံခဲ့ရတာက မတရားဘူးလို့ ကာရစ်က ယူဆနေပါတယ်။
"ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်က တသမတ်တည်း မရှိဘူး" လို့ သူက ထောက်ပြခဲ့ပြီး ဒီအဖြစ်အပျက်က ပွဲရလဒ်ကို တိုက်ရိုက်သက်ရောက်မှု ရှိစေခဲ့ကြောင်း အင်တာဗျူးမှာ ရှင်းလင်း ပြောကြားပါတယ်။
Photo: Reuters










