DVB Logo
Home
မြန်မာသတင်း
ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အခမ်းအနား ရတနာပုံတက္ကသိုလ်​တွင်ကျင်းပ
DVB
·
July 6, 2018
ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အခမ်းအနား  ရတနာပုံတက္ကသိုလ်​တွင်ကျင်းပ
Donate to DVB

၅၆ နှစ်​​မြောက်​ ဆဲဗင်းဇူလိုင် အရေးအခင်း ​အောက်​​မေ့ဖွယ်​အခမ်းအနားနဲ့ စာပေ​ဟော​ပြောပွဲကို ဒီကနေ့ ဇူလိုင်​၆ရက်​​ မနက် ၁ဝ နာရီက မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်​ရှိ ပြည်​​ထောင်​စုခန်းမမှာ ကျင်းပပါတယ်။

ရတနာပုံတက္ကသိုလ်​ ​ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်​က ကြီးမှူးကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ ​သမဂ္ဂခွပ်ဒေါင်းအလံအား အ​လေးပြုပြီး ရတနာပုံတက္ကသိုလ်​ ​ကျောင်းသားများ သမဂ္ဂ ဗကသများအဖွဲ့ချုပ်​ အ​ထွေ​ထွေအတွင်း​ရေးမှူး မအိမွန်​ခင်​က အဖွင့်အမှာ စကား​ပြောကြား ကာ တက္ကသိုလ်​အသီးသီးက ညီ​နောင်​သမဂ္ဂတွေက​ပေးပို့​တဲ့ သဝဏ်​လွှာတွေကို ကိုယ်​စားလှယ်​တွေက ဖတ်​ကြားခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အခုလက်ရှိအချိန် အန်အယ်လ်ဒီအစိုးရလက်ထက်ထိ ​ကျောင်းထဲမှာ သမဂ္ဂ​တွေ တရားဝင်​ဖြစ်​တည်​မှုရ​အောင်​ အာမခံချက်​မရှိ​သေးတဲ့ အ​ခြေအ​နေဖြစ်​​နေတယ်လို့ ​ကျောင်းသားသမဂ္ဂ(ဗကသ)များအဖွဲ့ချုပ်​ ဥက္ကဋ္ဌ ကို​ကျော်​သီဟရဲ​ကျော်​က​ ပြောပါတယ်​။

“​ကျ​နော်​တို့ သမဂ္ဂ​တွေ လှုပ်ရှားခွင့်တော့ရတယ်။ တရားဝင်​ဖြစ်​တည်​ဖို့က အခုချိန်​ထိ အာမခံချက်​မရှိ​သေးဘူး​။ ကျ​နော်​တို့သမဂ္ဂ​​တွေ​ ကျောင်းထဲမှာ တရားဝင်​ဖြစ်​တည်​ခွင့်ရ​အောင်​ ကျ​နော်​တို့ လုပ်​​နေတယ်​။ ပြီး​တော့ ကျ​နော်​တို့ အဆင့်မြင့် ကဏ္ဍ​တွေမှာ သမဂ္ဂ​​တွေ​ ကျောင်းသားထုရဲ့ အသံ​တွေပါဝင်​လာ​အောင်​ ကျနော်တို့ လုပ်နေပါတယ်​”

အခမ်းအနားမှာ စာရေးဆရာမ မသီတာ (စမ်း​ချောင်း)က အနာဂတ်​ကိုမ​မေ့ကြနဲ့ ​ခေါင်းစဉ်​နဲ့​ဟော​ပြောခဲ့ပြီး ဆရာ​မောင်​မှိုင်းလွင်​ (အင်းဝ)က ပညာပြည့်ဝ နှလုံးလှ ​ခေါင်းစဉ်​နဲ့ ဟော​ပြောခဲ့ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013