DVB Logo
Home
မြန်မာသတင်း
ဆဲဗင်းဇူလိုင် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူပေးရန် ဗကသ တောင်းဆို
DVB
·
February 21, 2017
ဆဲဗင်းဇူလိုင် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူပေးရန် ဗကသ တောင်းဆို
Donate to DVB

 

ဗုံးခွဲဖြိုချဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံတည်ရှိရာ သမဂ္ဂ မြက်ခင်းပြင်နေရာမှာ ဆဲဗင်းဇူလိုင် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူပေးဖို့    ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

တ.က.သ အဆောက်အအုံကို ပြန်လည်တည်ဆောက်ဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စီစဉ်နေတဲ့အပေါ် ဗ.က.သ များအဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီက ဖေဖော်ဝါရီ ၁၉ ရက်စွဲနဲ့   သဘောထား ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အသစ်ဆောက်လုပ်မယ့် သမဂ္ဂအဆောက်အဦကို ဗုံးခွဲဖြိုချခြင်းခံခဲ့ရတဲ့ တ.က.သ အဆောက်အအုံတည်ရှိရာ သမဂ္ဂမြက်ခင်းပြင်မှာ ပြန်လည်တည်ဆောက်ခြင်းမပြုဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုရဲ့ သမိုင်းဝင်နေရာအဖြစ်သတ်မှတ်ပြီး ၇.၇.၆၂ အထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို စိုက်ထူပေးဖို့၊  ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်းကို စုံစမ်းစစ်ဆေး ထုတ်ပြန်ပေးဖို့နဲ့   ကျဆုံး ကျောင်းသားတွေရဲ့ အမည်စာရင်းကို ကမ္ဗည်း မှတ်တိုင်တစ်ခု စိုက်ထူပေးရန်ဖို့ တောင်းဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ကျောင်းသားသမဂ္ဂတွေကို အခြေပြုပြီး မျိုးဆက်အသီးသီးရှိကျောင်း သားရဲဘော်ဟောင်းတွေ ပါဝင်တဲ့ တ.က.သ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး ကော်မတီကို လွတ်လပ်စွာ ဖွဲ့စည်းဖို့နဲ့  ကျောင်းသားသမဂ္ဂတွေရဲ့ တရားဝင်ရပ်တည်ခွင့်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့လည်း ထုတ်ပြန်ချက်မှာေ ဖ်ာပြပါတယ်။

ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့  ကျောင်းအဆောင်စည်းကမ်းတွေနဲ့ ပတ်သက်ပြီး  ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့  ကျောင်းသားတွေကို ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်အစိုးရက ၁၉၆၂ခုနှစ် ဇူလိုင် ၇ ရက်မှာ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့ပြီး နောက်တနေ့ ဇူလိုင် ၈ ရက်နေ့မှာ သမိုင်းဝင်  တ.က.သ အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013