DVB Logo
Home
မြန်မာသတင်း
ဆရာမတဦးအား ကာယိနြေ္ဒပျက်စေရန် ကြံရွယ်သူ ၂ ဦးကို အမြန်ဖမ်းဆီးပေးရန် တောင်းဆို
DVB
·
June 9, 2018
ဆရာမတဦးအား ကာယိနြေ္ဒပျက်စေရန် ကြံရွယ်သူ ၂ ဦးကို အမြန်ဖမ်းဆီးပေးရန် တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်၊ တမူးမြို့ ခွန်မွန်းနွန်ရွာအတွင်း တာဝန်ထမ်းဆောင်သူ ကျောင်းဆရာမတဦးအား ကာယိနြေ္ဒပျက်အောင်ပြုလုပ်ခဲ့တဲ့ အမျိုးသား ၂ ဦးကို အမြန်ဆုံး ဖမ်းဆီးပေးဖို့ ကျေးရွာသားတွေနဲ့ ဆရာ/ဆရာမတွေက တောင်းဆိုလိုက်ပါတယ်။

ဖြစ်​စဉ်​မှာ ဇွန်​ ၅ ရက် ည ၈ လောက်က တမူးမြို့နယ်​ ခွန်​မွန်းနွန်​ရွာ ​အလယ်​တန်းပြ ဆရာမ တစ်ဦးဟာ ​ကျောင်းဝင်းအတွင်းရှိ ဝန်​ထမ်းအိမ်​ယာ​ ​နောက်​​​ဖေးအိမ်​သာမှာ အ​ပေါ့သွားပြီး ပြန်​ထွက်​လာ​ချိန်​ အမျိုးသားတဦးက နောက်ကနေပြီး လက်​နှစ်​ဖက်​နဲ့ ပါးစပ်​အား ပိတ်​​ခဲ့တာကြောင့် ရုန်းကန်​​​​အော်​ဟစ်​စဉ်​ ထွက်​​ပြေးသွား​တယ်လို့ ဆရာမက ပြောပါတယ်။

ကာယိနြေ္ဒပျက်အောင် ကြံစည်သူမှာ နှစ်ယောက်ဖြစ်ပြီး လက်ပတ်နာရီ ၁ လုံး ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အမျိုးသား ၂ ဦးကို အမြန်​ဆုံးအ​ရေးယူ​ပေး​ဖို့ ​တမူးမြို့နယ်​၊ တမူးမြို့မရဲစခန်းမှာ  ဇွန်​ (၆) ရက်နေ့က တိုင်ကြားထားပြီး အခုချိန်ထိ ဖမ်းဆီးမမိသေးဘူးလို့ ဆရာ/ဆရာမများ အသင်းက ပြောပါတယ်။

တရားခံတွေ အမြန်ဆုံး ဖမ်းဆီးနိုင်ရေးအတွက် ကျေးရွာနဲ့ ကျောင်းသားမိဘတွေက ကျေးရွာဥက္ကဋ္ဌကို တောင်းဆိုထားပါတယ်။

ဆရာမက “တာဝန်ထမ်းဆောင်စဉ် အခုလိုဖြစ်စဉ်မျိုး ဒီရွာအပြင် တမူးခရိုင်အတွင်းရှိ ရွာအချို့တွေမှာလည်း ရှိတယ်။ ကျမအပြင် အခြားဆရာမတွေလည်း မဖြစ်စေချင်ဘူး၊ ကျမတို့ရဲ့လုံခြုံရေးကို တာဝန်ရှိသူနေတွေ စိတ်ချရအောင် လုပ်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

တမူးမြို့နယ် ပညာရေးမှူးကလည်း တမူးမြို့အတွင်းက ရွာတွေမှာ ဒီလိုဖြစ်စဉ်မျိုးတွေ နှစ်တိုင်းလို့ ဖြစ်နေတယ်လို့ ပြောပါတယ်။

သတင်း-ဂေါင်ဂေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013