DVB Logo
Home
မြန်မာသတင်း
ဖောင်းပြင်မြို့ ကျောင်းဆရာမ အသတ်ခံရမှု လေးရက်အတွင်း တရားခံဖမ်းမိ
DVB
·
May 26, 2018
ဖောင်းပြင်မြို့ ကျောင်းဆရာမ အသတ်ခံရမှု လေးရက်အတွင်း တရားခံဖမ်းမိ
Donate to DVB

ဖောင်းပြင်မြို့နယ် မန်မော်ရွာနဲ့ ပိုးစားကုန်းရွာအကြားမှာ မေ ၂၂ ရက်နေ့က  အသတ်ခံခဲ့ရတဲ့ မူလတန်းပြ ဆရာမအမှုနဲ့ ပတ်သက်ပြီး တရားခံကို ဖမ်းဆီးမိပြီလို့ ဖောင်းပြင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

“ဖြစ်တာကတော့ မနေ့က မြစ်ထဲ လင်မယားနှစ်ယောက် ပုဆိုးကွင်းနဲ့ သတ်သေမယ့် အသွင်မြင်လို့ တံငါသည် တယောက်က သတင်းပေးတာနဲ့ သွားတာ။ အဲဒီမှာ မသင်္ကာဖြစ်စရာတွေ့တာနဲ့ စစ်ဆေးမေးမြန်းလိုက်တော့ လူသတ်မှုကို အမျိုးသားကိုယ်တိုင်က ဝန်ခံလိုက်တာပါ။ ဘာကြောင့်ဆိုတာကတော့ အသေးစိတ် မသိရသေးဘဲ စစ်ဆေးနေဆဲ ဖြစ်တယ်” လို့ ဖောင်းပြင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်အေးက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူဟာ ပိုးစာကုန်းရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းပြ ဆရာမလေးဖြစ်ပြီး ဦးခေါင်း နောက်စေ့ပေါက်ပြဲ ဒဏ်ရာနဲ့ လမ်းဘေး ရေမြောင်းမှာ မှောက်လျက်သေဆုံးနေတာကို မေလ ၂၂ ရက်နေ့ ည ၉ နာရီလောက်က တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

“အတူနေ ဆရာမတဦးကို အဲဒီနေ့က သွားကြိုတာ။ အချိန်မီ ပြန်မလာတာနဲ့ လိုက်ရှာကြရင်း ဆိုင်ကယ်ကျိုးပဲ့တွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာ” လို့လည်း မန်မော်ရွာခံ တဦးက ပြောပါတယ်။

ဆရာမလေးကို သတ်ခဲ့ကြောင်း ဝန်ခံခဲ့သူကတော့ မန်မော်ရွာ တရွာတည်းနေ အသက် ၂၅ နှစ်အရွယ် စိုးထက်နိုင် ဆိုသူဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ကာ ဖောင်ပြင် ရဲစခန်းက စစ်ဆေးနေပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013