DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် သင်္ကြန်ပွဲ စည်ကားအောင်ပြုလုပ်ရန် ညွှန်ကြား
DVB
·
March 19, 2026
၂၀၂၅ ခုနှစ် သင်္ကြန်ပွဲတော် မြင်ကွင်း။ (Photo: KKL)
၂၀၂၅ ခုနှစ် သင်္ကြန်ပွဲတော် မြင်ကွင်း။ (Photo: KKL)
Donate to DVB

ဧရာဝတီတိုင်းမှာ အခုနှစ် မြန်မာ့ရိုးရာအခါသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်ပြုလုပ်ပြီး အရင်နှစ်တွေကထက် ပိုမိုစည်ကားအောင်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့က သင်္ကြန်ပွဲတော် စည်ကားဖို့အတွက် ပုသိမ်မြို့မှာပဲ သင်္ကြန်မဏ္ဍပ် ၁၅ ခုထက်မနည်း ဆောက်လုပ်ဖို့ ပြင်ဆင်ထားပြီး မြန်အောင်၊ မအူပင်၊ ဟင်္သာတ၊ မြောင်းမြ၊ ဖျာပုံ၊ လပွတ္တာ၊ ကျုံပျော် စတဲ့ ခရိုင်မြို့ကြီးတွေမှာလည်း သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က “ခရိုင်မြို့ကြီးတွေမှာ သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ဖို့ သတ်မှတ်ထားပေးပါတယ်။ ဝန်ထမ်းတွေက ဌာနဆိုင်ရာအလိုက် မဏ္ဍပ်ထိုင် ရေကစားဖို့၊ ယိမ်းအကတွေမှာ ပါဝင်ဖို့ ညွှန်ကြားထားတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အခုနှစ် သင်္ကြန်ပွဲတော်ကို မြို့နယ်တခု သင်္ကြန်မဏ္ဍပ် အနည်း ၃ ခုကနေ ၅ ခုအထိ ဆောက်လုပ်ပြီး လမ်းလျှောက်သင်္ကြန်ကို မြို့နယ်တိုင်းမှာ ပြုလုပ်ဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဟင်္သာတမြို့ခံတယောက်က “ဟင်္သာတမှာ အရင်က နှစ်စဉ်နှစ်တိုင်း သင်္ကြန်အကြိုရက်မတိုင်ခင် တရက်အလိုမှာကတည်းက အရမ်းစည်ကားခဲ့တာ။ ၅ နှစ်ကျော်ကျော်အထိ ရောက်လာပြီ မစည်ကားတော့တာ။ ဒီဘက်လူငယ်တွေက သင်္ကြန်ဆို အရမ်းပျော်တတ်တာ။ ပုဒ်မအမျိုးမျိုးတပ် လူငယ်တွေကို ဖမ်းဆီး ထောင်ချ စစ်မှုထမ်းဖို့ ဖိအားပေး ခေါ်ယူနေတာတွေကြောင့် အပျော်ရက်မရှိဘူး” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ လူငယ်တွေကို စစ်မှုထမ်း ဖိအားပေး ခေါ်ယူနေတာကြောင့် သင်္ကြန်ပွဲကို စိတ်ဝင်စားမှု လျော့ကျသွားကာ သင်္ကြန်ရေကစားသူ မရှိ ဖြစ်နေတာ ၅ နှစ်ကျော်ကျော်အထိ ရှိလာပြီလို့ မြို့ခံတွေက ဆိုပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းထဲမှာလုပ်တဲ့ သင်္ကြန်ပွဲတော်မှာ ရေကစားတဲ့သူ မရှိတာကြောင့် ၂၀၂၂ ခုနှစ် သင်္ကြန်ပွဲတော်မှာ ရေလာကစားဖို့ လိုက်လံစည်းရုံး ခေါ်ဆောင်တာတွေ လုပ်ခဲ့ကြပေမဲ့ သင်္ကြန်ရေကစားသူ မရှိသလောက် နည်းပါးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းမှာ စစ်ကောင်စီက အရင် NLD အစိုးရ လုပ်ခဲ့တဲ့ လမ်းလျှောက်သင်္ကြန်ပွဲကို အကြိမ်ကြိမ် ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေပေမဲ့ အာဏာမသိမ်းခင်အချိန်ကလို လမ်းလျှောက်သင်္ကြန်ပွဲကို ပြုလုပ်နိုင်တာ မရှိသလို လူငယ်တွေအနေနဲ့ ပါဝင်ဆင်နွှဲ ရေပက်ကစားတာ မရှိဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013