DVB Logo
Home
မြန်မာသတင်း
ဖေ့ဘွတ်ခ်ပေ့ခ်ျ အဟက်ခ် ခံလိုက်ရသည့် အဆိုတော် အမွန်း
DVB
·
May 17, 2018
ဖေ့ဘွတ်ခ်ပေ့ခ်ျ အဟက်ခ် ခံလိုက်ရသည့် အဆိုတော် အမွန်း
1 / 4
Donate to DVB

မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာလောကမှ အနုပညာရှင် အတော်တော်များများရဲ့ ဖေ့ဘွတ်ခ်အကောင့်တွေ၊ ပေ့ခ်ျတွေ အဟတ်ခ်ခံနေရတဲ့အထဲမှာ လူငယ် အမျိုးသမီးအဆိုတော်တဦး ဖြစ်တဲ့ အမွန်းလည်း အပါအဝင် ဖြစ်ပါတယ်။

တေးသံရှင်အမွန်းရဲ့ Ah Moon အမည်ရှိတဲ့ ပေ့ခ်ျကို လွန်ခဲ့တဲ့ရက်ပိုင်းက ဟတ်ခ်တာ ခံလိုက်ရပြီး၊ အကောင့်ပြန်ရဖို့အတွက် အစွမ်းကုန် ကြိုးစားနေတယ်လို့ အမွန်းက ပြောပါတယ်။

“အမွန်းရဲ့ဖေ့ဘွတ်ခ်ပေ့ခ်ျ အဟက်ခ်ခံထားရပါတယ်။ အဲဒါကို ပြန်ရအောင် အမွန်း ကြိုးစားနေပါတယ်။ ဖေ့စ်ဘွတ်ခ် အဟက်ခ်ခံလိုက်ရလို့ ခံစားချက်နှစ်မျိုး ဖြစ်နေပါတယ်။ တအားလည်း စိတ်ဆင်းရဲနေသလို ကိုယ့်ရဲ့ပေ့ခ်ျကြီးက လူ ၂ သန်းကျော် ၃ သန်းနီးပါး အားပေးထားတဲ့ ပေ့ခ်ျက လုံးဝအစဖျောက်ခံလိုက်ရတဲ့အတွက် အမွန်း စိတ်ညစ်နေပါတယ်။ တချိန်တည်းမှာပဲ ငါတို့မြန်မာနိုင်ငံမှာ အရမ်းကိုကျွမ်းတဲ့ ဟက်ခ်ကာတွေ ရှိနေပါလား ဆိုတာကို သိရတယ်။ သူတို့ကိုလည်း အမွန်း ချီးကျူးပါတယ်။ မြန်မာနိုင်ငံ ညံ့တယ်လို့ ဘယ်သူ ပြောလဲပေါ့။ အဲဒီလိုလည်း တွေးမိပါတယ်။ ပြန်ရဖို့လည်း ဆုတောင်းပေးကြပါဦးလို့။ ဖေ့စ်ဘွတ်ခ် အဟက်ခ်ခံရတဲ့ အချိန်မှာပဲ အမွန်းကို Instagram မှာ Follow လုပ်နိုင်ပါတယ်။ Instagram အကောင့်ကတော့ AMoon Official ပါ” လို့ အမွန်းက ပြောပါတယ်။

လက်ရှိမှာလည်း အမွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ "ဒုဋ္ဌဝတီကိုလွန်၍" ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုပ်ရှင်ရုံတချို့မှာ တတိယအပတ်ထိ ဆက်လက် ပြသနေပါတယ်။

ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ တုံ့ပြန်မှုကိုလည်း အမွန်းက “ပထမဦးဆုံး သရုပ်ဆောင်တဲ့ ဇာတ်ကားမှာ တချို့လည်း ကောင်းတယ်။ တချို့ကလည်း လိုသေးတယ်လို့ ပြောပါတယ်။ ဒီဇာတ်ကားကြည့်ပြီးမှ သရုပ်ဆောင်ထပ်လုပ်ပါဦးလို့ ပြောတဲ့သူလည်း ရှိပါတယ်။ အများစုကတော့ အမွန်းကို ချီးကျူးပါတယ်” လို့ ပြောပါတယ်။

အမွန်းအနေနဲ့ ဂီတလောကမှာလည်း ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေကို ကိုယ်တိုင်ရေးသားပြီး၊ ကိုယ်တိုင်လည်း သီဆိုကာ၊ “အချစ်ဗို့အား ၁၅၀၀” လို့ အမည်ရှိတဲ့ တကိုယ်တော်အခွေ တခွေကိုလည်း ၂၀၁၇ ခုနှစ် နိုင်ဝင်ဘာလက သူမရဲ့ ပရိသတ်တွေလက်ထဲကို ထည့်ခဲ့ပြီး ဖြစ်ပါတယ်။

ကြယ်စု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013