DVB Logo
Home
မြန်မာသတင်း
အာရှဒေသက ထင်ရှားသည့် လူငယ် ၃၀ စာရင်းတွင် အဆိုတော် အမွန်း ပါဝင်
DVB
·
March 28, 2018
အာရှဒေသက ထင်ရှားသည့် လူငယ် ၃၀ စာရင်းတွင် အဆိုတော် အမွန်း ပါဝင်
Donate to DVB

ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ရွေးချယ်တဲ့ အာရှဒေသတွင်း အသက် ၃၀ အောက် ထင်ရှားသူ လူငယ် ၃၀ စာရင်းမှာ မြန်မာနိုင်ငံက  အဆိုတော်အမွန်းလည်း ပါဝင်လာခဲ့ပါတယ်။

အားကစားနဲ့ ဖျော်ဖြေရေးဆိုင်ရာ နယ်ပယ်မှ ထင်ရှားတဲ့ လူငယ်တွေကို ရွေးချယ်ဖော်ပြခဲ့တာ ဖြစ်တယ်လို့ မဂ္ဂဇင်းရဲ့ ဝက်ဘ်ဆိုဒ် အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

အဆိုတော် အမွန်းကတော့ ခုလို ရွေးချယ်ခံရမှုနဲ့ ပတ်သက်ပြီး ကျေးဇူးတင်တဲ့အကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ခုလို ရေးသားဖော်ပြခဲ့ပါတယ်။

“Wow.... Thank you Forbes ! I am very honored to be selected in the list of 30 Under 30 Asia !  

Forbes မဂ္ဂဇင်းက “30 Under 30 Asia”  အာရှတခွင်မှ အသက် ၃၀ အောက်ရဲ့ အယောက် ၃၀ ဆိုတဲ့ စာရင်းထဲမှာ အမွန်းကို ထည့်သွင်းရွေးချယ်ခဲ့တဲ့အကြောင်း သတင်းပေး အကြောင်းကြားခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

BTS (Kpop Band) အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံရဲ့ အနုပညာရှင်တွေ၊ စီးပွားရေးနဲ့ အားကစား အစရှိတဲ့ နယ်ပယ်အသီးသီးက ထူးချွန်လူငယ် အယောက် ၂၀၀၀ ကျော်ထဲကနေ ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

တခြားရွေးချယ်ခံရသူတွေထဲမှာတော့ မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တဲ့ ဘောလိဝုဒ်ရုပ်ရှင် Pari ဇာတ်ကားရဲ့ ထုတ်လုပ်သူနဲ့ သရုပ်ဆောင်မင်းသမီး အနူရှ်ကာရှာမား အပါအဝင် အာရှနိုင်ငံအသီးသီးမှ အားကစား၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်အသီးသီးက ထင်ရှားတဲ့ လူငယ်တွေလည်း ပါဝင်ခဲ့တာပါ။

ဖို့ဘ်မဂ္ဂဇင်းမှာ အမွန်းရဲ့ အကြောင်းကို ဖော်ပြထားရာမှာတော့ ကချင်ပြည်နယ်မှ သီချင်းရေးသူ၊ အဆိုတော်တဦးအဖြစ် ဖော်ပြထားပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ Me N Ma Girls ရဲ့ အဖွဲ့ဝင်ဟောင်းတဦး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမွန်းဟာ မြန်မာနိုင်ငံမှာ အာရုံစိုက်မှုအများဆုံး ရှိထားတဲ့ အနုပညာရှင်တွေထဲမှ တဦးဖြစ်ကာ ဖေ့စ်ဘွတ်မှာလည်း အားပေးတဲ့ ပရိသတ် ၂ သန်းခွဲကျော် ရှိနေတယ်လို့ ဖော်ပြထားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013