DVB Logo
Home
မြန်မာသတင်း
မူဆယ် တိုက်ပွဲကြောင့် ၁၉ ဦးသေဆုံးဟု အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြော
DVB
·
May 12, 2018
မူဆယ် တိုက်ပွဲကြောင့် ၁၉ ဦးသေဆုံးဟု အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြော
Donate to DVB

မူဆယ်မြို့က တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၂ ယောက်အပါအဝင် အရပ်သား ၁၅ ယောက် သေဆုံးပြီး ရဲနဲ့ ပြည်သူ့စစ် ၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုပါတယ်။

ဒီနေ့ မနက် ၅ နာရီ ၁၅ မိနစ်လောက်မှာ အင်အား ၁၀၀ လောက်ရှိတဲ့ တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) နဲ့ ကချင်လွတ်မြောက်ရေးတပ်တော် (ကေအိုင်အေ) တို့က  ပန်ခမ်းတံတား လုံခြုံရေး ရဲကင်းကို တိုက်ခိုက်ခဲ့တာလို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားတာပါ။

ကနဦး သတင်းတွေအရ အရာရှိတယောက်သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၃ ယောက် ဒဏ်ရာရ၊ ပြည်သူ့စစ် ၃ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရ၊ အရပ်သား အယောက် ၂၀ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ရဲကင်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေဟာ ပန်ဆေးပြည်သူ့စစ် ၄ ယောက်၊ မြို့မ ပြည်သူ့စစ် ၁၀ ယောက်တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပေမယ့် ပန်ခမ်းတံတားတဖက် မြို့မ ပြည်သူ့စစ် လုံခြုံရေးယူထားတဲ့ ဘန်ကာကို တီအန်အယ်လ်အေ တို့ ရယူသွားတဲ့အတွက် ပြည်သူ့စစ် ၅ ယောက်ဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပြန်လည် ခုခံခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၈ နာရီ ၁၀ မိနစ်မှာ တီအန်အယ်လ်အေ တပ်ဖွဲ့က ယာဉ်ရပ်နားကွင်းမှာ ရပ်ထားတဲ့ ကားတစီးကို မီးရှို့ပြီး တံတားတောင်ဘက် တောင်ကြောပေါ် ဆုတ်ခွာသွားခဲ့ရာမှာ တပ်မတော်က လိုက်လံရှင်းလင်းနေတယ်လို့လည်း ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013