DVB Logo
Home
မြန်မာသတင်း
မင်းကင်းတွင် အိန္ဒိယနိုင်ငံသားများအား တရားမဝင် ခေါ်လာသူ ၃ ဦးကို အရေးယူ
DVB
·
May 11, 2018
မင်းကင်းတွင် အိန္ဒိယနိုင်ငံသားများအား တရားမဝင် ခေါ်လာသူ ၃ ဦးကို အရေးယူ
Donate to DVB

အိန္ဒိယနိုင်ငံသား ၆ ဦးအား တရားမဝင် ခေါ်လာသူတွေကို အရေးယူထားတယ်လို့ မင်းကင်းမြို့နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မင်းကင်းမြို့နယ်၊ ကျောက်တန်းကျေးရွာအနီး ယာကြီး-ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် (၈၅/၁) မှာ မေ ၉ ရက်နေ့ မနက်ပိုင်းက ကြာပင် ရဲကင်းစခန်း တပ်ဖွဲ့ဝင်တွေက ဆိုင်ကယ် ၃ စီးကို မသင်္ကာလို့ ရပ်တန့်စစ်ဆေးရာက တရားမဝင်ခေါ်ဆောင်လာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

စိုင်းအောင် မောင်းနှင်တဲ့ ဆိုင်ကယ်မှာ လားလာ (၁၇-နှစ်)နဲ့ မတာဟဲရာ (၁၅-နှစ်)၊ စိုးမင်းနိုင် ဆိုင်ကယ်မှာ စူလ်တန်အစ္စလာမ် (၁၇-နှစ်)နဲ့၊ မဘေဂါမ်ဂျမ် (၁၇-နှစ်)၊ ဆွေနတ် မောင်းနှင်တဲ့ ဆိုင်ကယ်မှာ မတာဟဲရာ (၁၆-နှစ်)နဲ့ မရော်စီကာ (၁၅-နှစ်)တို့ ၂ ဦး၊  စုစုပေါင်း အိန္ဒိယနိုင်ငံသား ၆ ဦးတို့ စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးချက်အရ စိုင်းအောင်ပါ ၃ ဦးဟာ တမူးမြို့၊ နန့်ဖာလုံဈေးမှ စူလ်တန်အစ္စလာမ် ပါ ၆ ဦးအား ၁ ဦးလျှင် ၅၀,၀၀၀ ကျပ်နှုန်းနဲ့ ကလေး-ကလေးဝ-ယာကြီးလမ်းအတိုင်း ဆိုင်ကယ်နဲ့ ခေါ်ဆောင်လာစဉ် ဖမ်းဆီးခံရတာလို့ သိရပါတယ်။

သူတို့ ၆ ဦးဟာ စူလ်တန်အစ္စလာမ်ရဲ့ အစ်ကိုဝမ်းကွဲတော်စပ်သူ မန္တလေးမြို့နေသူထံ သွားရောက်ပြီး အလုပ်အကိုင်ရှာဖွေဖို့ တရားမဝင် ထွက်ခွာလာတာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ တရားမဝင် ဝင်ရောက်လာသူ အိန္ဒိယနိုင်ငံသားတွေနဲ့ ခေါ်ဆောင်လာသူ စိုင်းအောင်ပါ ၃ ဦးကို အရေးယူထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - ရဲဇာနည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013