DVB Logo
Home
မြန်မာသတင်း
မင်းကင်းနယ်တွင် တရားမဝင် ကညင်သစ်ခွဲသား ၇ တန်ကျော် ပိုင်ရှင်မဲ့ ဖမ်းဆီးမိ
DVB
·
February 20, 2018
မင်းကင်းနယ်တွင် တရားမဝင် ကညင်သစ်ခွဲသား ၇ တန်ကျော် ပိုင်ရှင်မဲ့ ဖမ်းဆီးမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် မင်းကင်းနယ်ထဲက အင်တိုင်းကုန်းကြိုးဝိုင်းထဲမှာ ဖေဖော်ဝါရီ ၁၉ ရက်က ကညင်သစ်အမျိုးအစား တရားမဝင် သစ်ခွဲသား ၇ တန်ကျော်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးမိခဲ့ပါတယ်။

တိုင်းသစ်တောစစ်ကြောင်းအဖွဲ့က မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဦး ဦးဆောင်ပြီး မင်းကင်း သစ်တောဝန်ထမ်းတွေနဲ့ သစ်တောရဲလုံခြုံရေးယူပြီး တိုင်းသစ်တောစစ်ကြောင်းနဲ့ တောနင်းရှာဖွေရာကနေတွေ့ရှိ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သစ်ပိုင်ရှင်တွေကတော့ စုံစမ်းဆဲပဲလို့ မင်းကင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်သန်းထွန်းက ပြောပါတယ်။

တိုင်းသစ်တောစစ်ကြောင်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလကတည်း လစဉ် ပုံမှန် တောနင်းခဲ့တာ ဖြစ်ပြီး မဟာမြိုင်ဒေသ သစ်တောထိန်းသိမ်းရေးအတွက် ခုလို စီမံချက်နဲ့ လစဉ် ဆောင်ရွက်နေတာလို့လည်း သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ကညင်သစ်အမျိုးအစား ၇ တန်ကျော်ကို တနေရာတည်းမှာ တွေ့ရှိတာ မဟုတ်ဘဲ နေရာ ၃ နေရာကနေ တွေ့ရှိခဲ့တာပါ။

မင်းကင်းမြို့နယ် မောက္ကတော်(က)ဘိနယ် အင်တိုင်းကုန်းကြိုဝိုင်း ခန့်မှန်းမြေပုံညွှန်း FA-816725 နေရာက တရားမဝင်ကညင်ခွဲသား ၃.၀၂၀၂ တန်ရှိ ဆိုဒ်စုံ ၁၄ ချောင်း၊ FA-818725 နေရာက တန် ၂.၁၃၅၀၊ တရားမဝင်ကညင်ခွဲသားဆိုဒ်စုံ ၁၀ ချောင်းနဲ့ FA-815724 နေရာက ၂.၄၆၉၆ တန်ရှိ တရားမဝင်ကညင်ခွဲသား ၁၁ ချောင်း၊ စုစုပေါင်း ၇ တန်ကျော် တွေ့ရှိ ဖမ်းဆီးမိခဲ့တာပါ။

သတင်း - ‌မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013