
ဒီနေ့ မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ပီအက်စ်ဂျီ အသင်းနဲ့ ဘိုင်ယန်မြူးနစ်တို့ တဂိုးစီ သရေကျခဲ့ပေမဲ့ ပီအက်စ်ဂျီအသင်းက နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး ၅ ဂိုးနဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ဒီမနက်ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် အူစမန်ဒမ်ဘီလီက ပွဲစပြီး ၃ မိနစ်မှာ အဖွင့်ဂိုး သွင်းယူခဲ့တာပါ။
ဘိုင်ယန်အတွက် ချေပဂိုးကို ပွဲချိန် ၉၄ မိနစ်ကျမှ ဟယ်ရီကိန်းက သွင်းယူခဲ့လို့ ပွဲအပြီးမှာ ၁ ဂိုးစီ သရေကျခဲ့ပေမဲ့ ပီအက်စ်ဂျီက နောက်တဆင့် တက်သွားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ပီအက်စ်ဂျီရဲ့လက်ထိဘောနဲ့ပတ်သက်ပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အငြင်းပွားစရာတွေရှိခဲ့ပြီး ဘိုင်ယန်နည်းပြ ဗင်းဆင့်ကွန်ပနီရဲ့ ဖလား ၃ လုံး မျှော်လင့်ချက်လည်း ပျက်သုဉ်းသွားခဲ့ရပါတယ်။
ဗိုလ်လုပွဲမှာတော့ ပီအက်စ်ဂျီ အသင်းဟာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိပြီး လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းကပဲ ထပ်မံဗိုလ်စွဲဖို့ ရေပန်းပိုစားနေတယ်လို့ Sky Sports သတင်းမှာ သုံးသပ် ဖော်ပြထားပါတယ်။










