DVB Logo
Home
မြန်မာသတင်း
ဖားကန့်နှင့် တနိုင်းမြို့နယ်တွင် မိုင်းနင်းမိသဖြင့် ကလေး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ
DVB
·
May 2, 2018
ဖားကန့်နှင့် တနိုင်းမြို့နယ်တွင် မိုင်းနင်းမိသဖြင့် ကလေး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဘောကြီးကျေးရွာအနီးမှာ မေလ ၁ ရက်က အသက် ၁၃ နှစ်အရွယ် မောင်ဂျေလီဝူးနဲ့ အသက် ၉ နှစ်အရွယ် မောင်ဂျေလီဆာတို့နှစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာရရှိခဲ့ပါတယ်။

မိုင်းကို  မောင်ဂျေလီဝူက နင်းမိပေါက်ကွဲခဲ့တဲ့အတွက်  ကလေးနှစ်ဦးစလုံး ရင်ဘတ်၊ လက်၊ ပေါင်၊ ခြေသလုံး မိုင်းစထိမှန်ပြီး စိုးရိမ်ရတဲ့ ဒဏ်ရာခဲ့လို့ သူတို့ကို ဖားကန့်ဆေးရုံကနေတဆင့် မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ကုသရကြောင်း ပြည်ထဲရေးက သတင်းထုတ်ပါတယ်။

အလားတူ တနိုင်းမြို့၊ မိုင်ခွန်ကျေးရွာနေ ဦးထွန်းလှိုင်ကျော်ဟာ ဧပြီ ၃ဝ ရက်က ထင်းခုတ်ဖို့ ထွက်လာစဉ် ရွာတောင်ဘက် ၅ မိုင်ခွဲခန့် အကွာမှာ မိုင်းနင်မိပေါက်ကွဲခဲ့လို့ မိုင်းစထိမှန်ဒဏ်ရာနဲ့ တနိုင်းမြို့ရှိ ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေရကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - ပြည်ထဲရေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013