DVB Logo
Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင်တွင် မိုင်းပေါက်ကွဲ
DVB
·
February 26, 2018
မူဆယ် ၁၀၅ မိုင်တွင် မိုင်းပေါက်ကွဲ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ၁၀၅ မိုင်မှာ ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁ နာရီကျော်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

၁၀၅ မိုင်ရွာ သီလရှင်ကျောင်းအနီးမှာ ပေါက်ကွဲသွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ မူဆယ်မြို့မရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ ဖြစ်တာက ၁၀၅ မိုင်ရွာပေါ့၊ သီလရှင်ကျောင်း ရှိတယ်ခင်ဗျ၊ အဲဒီကျောင်းဘေးနားမှာ ဖြစ်တာ၊ ဒဏ်ရာဒဏ်ချက် ရတာတွေတော့ မရှိပါဘူး ၊ ဒေသန္တရလက်လုပ်မိုင်း ပေါက်တာပါ။”

ဒါဟာ ၅ ရက်အတွင်း မြန်မာပြည်တွင်း မတူတဲ့ နေရာဒေသ ၃ နေရာမှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေတာဖြစ်ပြီး ဗုံးခွဲတရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးသလို ဘယ်အဖွဲ့အစည်းကမှလည်း သူတို့ရဲ့လက်ချက်လို့ ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ  ရိုးမဘဏ်ခွဲ ၁ မှာ ဖေဖော်ဝါရီ ၂၁ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား ၂ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရှိခဲ့သလို ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ရခိုင်ပြည်နယ် စစ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013