DVB Logo
Home
မြန်မာသတင်း
ထိန်ပင်အမှိုက်ပုံမီးကို ၄ ရက်ဖြင့် အပြီးငြှိမ်းသတ်မည်ဟု မီးသတ်ဦးစီးဌာန ပြော
DVB
·
April 29, 2018
ထိန်ပင်အမှိုက်ပုံမီးကို ၄ ရက်ဖြင့် အပြီးငြှိမ်းသတ်မည်ဟု မီးသတ်ဦးစီးဌာန ပြော
Donate to DVB

ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ လောင်ကျွမ်းနေတဲ့ ထိန်ပင်အမှိုက်ပုံမီးကို ၄ ရက်နဲ့ အပြီးငြှိမ်းသတ်သွားမယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ဒီဗွီဘီကို ပြောပါတယ်။

ထိန်ပင်အမှိုက်ပုံမီးကို ဒီနေ့ ဧပြီ ၂၉ ရက်နေ့က စပြီး ဇုန် A,B,C,D လို့ ၄ ဇုန်ခွဲပြီး စတင်ငြှိမ်းသတ်နေပါတယ်။

ဦးမြတ်သူက “တရက်ကို ဇုန်တခု သတ်မှတ်ထားတယ်။ ဒီနေ့ ဇုန် A ကို စငြှိမ်းနေပါပြီ။ ၄ ရက်နဲ့ အပြီးငြိမ်းအောင် ဆောင်ရွက်နေပါတယ်။ မီးခိုးပါအပြတ်ပါ” လို့ ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံက ဝယ်ယူထားတဲ့ Bio Foam ကိုလည်း ဆက်လက် အသုံးပြုငြှိမ်းသတ်နေတာပါ။

“Bio Foam နဲ့ ငြှိမ်းတဲ့နေရာတွေက မီးပြန်မလောင်ဘူး။ ဒါပေမယ့် ဈေးကြီးတယ်။ ဆက်တော့သုံးနေပါတယ်” လို့ ဆိုပါတယ်။

ဇုန်တဇုန်ကို မီးသတ်ပိုက် ၁၀ ချောင်း၊ တချောင်းကို လူ ၇ ယောက်နဲ့ငြှိမ်းသတ်နေတယ်လို့ သိရပါတယ်။ ထိန်ပင်အမှိုက်ပုံဟာ ဧပြီ ၂၁ ရက်က စတင်မီးလောင်ကျွမ်းခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ-အာကာ၊ ကိုကိုကြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013