
မင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သက်တဲ့ အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရဖွဲ့ထံကို ဇန်န၀ါရီ ၂၂ ရက် နောက်ဆုံးထား တင်ပြသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက သိရပါတယ်။
မင်္ဂလာဈေးမှာ တပ်ဆင်ထားတဲ့ အလိုအလျောက် မီးငြှိမ်းသတ်စက် Water Sprinkler ကတော့ အစစ်မဟုတ်ဘဲ မီးသတ်က အကြံပြုထားတဲ့ Water Sprinkler မဟုတ်ကြောင်းလက်ရှိမှာ မီးသတ်က စစ်ဆေးတွေ့ရှိထားပါတယ်။
ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီခွဲ အချိန်က မင်္ဂလာဈေးမီးလောင်မှုကြောင့် ဈေး တတိယထပက ဆိုင်ခန်း ၇၉၁ ခန်း၊ စတုတ္ထထပ်က ၇၉၇ ခန်း နဲ့ ပဉ္စမထပ်က ဆိုင်ခန်း ၄၈ ခန်း မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။











