DVB Logo
Home
နိုင်ငံတကာ
အာဖဂန်အမျိုးသမီးအခွင့်အရေး ဆန္ဒပြပွဲအပြီး သေနတ်သံ ထွက်ပေါ်
DVB
·
June 10, 2026
Photo: SOCIAL MEDIA
Photo: SOCIAL MEDIA
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံ၊ ဟီရတ်ပြည်နယ်မှာ အမျိုးသမီးအခွင့်အရေး ဆန္ဒပြပွဲတခုအပြီး ဇွန် ၉ ရက်က သေနတ်သံတွေ ထွက်ပေါ်လာလို့ လူတွေ လမ်းမပေါ်မှာ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။

အမျိုးသမီးတွေ အဝတ်အစားဝတ်ဆင်မှု စည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တာလီဘန် ကိုယ်ကျင့်တရားထိန်းသိမ်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာကြောင့် အခုလို အမျိုးသမီးအခွင့်အရေး ဆန္ဒပြပွဲ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ အာဖဂန်လုံခြုံရေးတာဝန်ရှိသူတွေဟာ ဆန္ဒပြပွဲကို အင်အားသုံး လူစုခွဲခဲ့တာကြောင့် လူအများအပြား ဒဏ်ရာရပြီး တယောက် သေဆုံးသွားခဲ့ပါတယ်။

အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အပါအဝင် လူပေါင်း ဒါဇင်နဲ့ချီပြီး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ တာလီဘန် အာဏာပိုင်တွေကတော့ ထိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီးမှုတွေအပေါ် တစုံတရာ မှတ်ချက်ပေးခြင်း မရှိပါဘူး။

တာလီဘန်အဖွဲ့ဟာ ၂၀၂၁ ခုနှစ်မှာ ကဘူးလ်မြို့ကို သိမ်းပိုက်ပြီး အာဏာရလာကတည်းက စစ်ဒဏ်သင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်၊ အလုပ်အကိုင်နဲ့ အားကစားကဏ္ဍတွေမှာ ပါဝင်ခွင့်တွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ပိတ်ပင်ခဲ့လို့ နိုင်ငံတကာရဲ့ ဝေဖန်ရှုတ်ချမှုကို အကြီးအကျယ် ခံနေရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013