
မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခံစစ်ပိတ်မကစားဖို့ မန်ယူဂန္ထဝင် ရီယိုဖာဒီနန်က အာဆင်နယ်နည်းပြ အာတေတာကို အကြံပြုလိုက်ပါတယ်။
အာဆင်နယ်ဟာ ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးနဲ့ ၆ မှတ်အကွာကို ရောက်ရှိနေပြီး လာမဲ့ တနင်္ဂနွေနေ့မှာ အီတီဟတ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။
ဖာဒီနန်က "မန်စီးတီးကွင်းမှာ သွားပြီး ခံစစ်ပဲ ပိတ်ကစားနေမယ် ဆိုရင်တော့ အပြတ်အသတ် အနိုင်ကျင့်ခံရမှာပဲ။ အဲဒီလိုမျိုး သွားလုပ်လို့မရဘူး"လို့ သူ့ရဲ့ YouTube ချန်နယ်မှာ ပြောပါတယ်။
ဘုန်းမောက်ဟာ အာဆင်နယ်ရဲ့ ကစားကွက်တွေကို ပိတ်ဆို့ပြီး အနိုင်ယူခဲ့တဲ့ ပုံစံကို နမူနာယူဖို့လည်း သူက အကြံပြုထားပါတယ်။
လာမဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဟာ ၂ သင်းလုံးအတွက် ဗိုလ်လုပွဲလို အရေးကြီးနေပြီး အာဆင်နယ်အနေနဲ့ ဒီပွဲမှာ အမှားမခံတော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။










