DVB Logo
Home
မြန်မာသတင်း
မင်းဘူး-အမ်းကားလမ်းတွင် ဘုရားဖူးယာဉ် တိမ်းမှောက်၍ ၆ ဦး သေဆုံး၊ ၂၃ ဦး ဒဏ်ရာရ
DVB
·
April 12, 2018
မင်းဘူး-အမ်းကားလမ်းတွင် ဘုရားဖူးယာဉ် တိမ်းမှောက်၍ ၆ ဦး သေဆုံး၊ ၂၃ ဦး ဒဏ်ရာရ
1 / 3
Donate to DVB

မင်းဘူး-အမ်းကားလမ်းမှာ ဘုရားဖူးခရီးသည်တင် မှန်လုံယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျလို့ ၆ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် မင်းဘူး-အမ်းကားလမ်း စပ်စီကျေးရွာနဲ့ မြေလတ်ကျေးရွာကြားမှာ ဧပြီ  ၁၁ ရက်နေ့ ညနေပိုင်းက ခရီးသည်တင်မှန်လုံယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ ပေ ၂၅၀ လောက်ရှိတဲ့ ချောက်ထဲ ထိုးကျခဲ့တာပါ။

ယာဉ်ပေါ်မှာ ဘုရားဖူး ခရီးသည် ၂၉ ဦး လိုက်ပါလာခဲ့တာဖြစ်ပြီး အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တာလို့ အခင်းဖြစ်နေရာကို သွားရောက်ကူညီခဲ့တဲ့ ဂုတ်ကြီး စခန်းမှူး ရဲအုပ်ကျော်မျိုးက ဒီဗွီဘီကိုပြောပါတယ်။

ဒဏ်ရာရရှိတဲ့ လူနာတွေကို ငဖဲမြို့နယ် မြတ်စေတနာမွန်လူမှုကူညီရေး အသင်း၊ မင်းဘူးမြို့၊ဗြဟ္မစိုရ်အသင်းကားတွေနဲ့ ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်း ကျော်ဝင်းခိုင်ကို ငဖဲမြို့မ ရဲစခန်းမှာ ယာဉ်အားပေါ့ဆစွာ မောင်းနှင်ပြီး လူသေဆုံးမှု၊ ယာဉ်မဆင်မခြင်မောင်းနှင်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈/ နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။

သတင်း-မင်းထီး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013