DVB Logo
Home
မြန်မာသတင်း
ကိုယ်​စွမ်းဉာဏ်​စွမ်းရှိသ​ရွေ့ ကြိုးစားလုပ်​​ဆောင်​ပါ့မယ်​-အနိုင်ရ မင်းဘူး လွှတ်တော်ကိုယ်စားလှယ်
DVB
·
November 4, 2018
ကိုယ်​စွမ်းဉာဏ်​စွမ်းရှိသ​ရွေ့ ကြိုးစားလုပ်​​ဆောင်​ပါ့မယ်​-အနိုင်ရ မင်းဘူး လွှတ်တော်ကိုယ်စားလှယ်
Donate to DVB

ပြည်​သူအတွက် ကိုယ်​စွမ်းဉာဏ်​စွမ်းရှိသ​ရွေ့ ကြိုးစားလုပ်ဆောင်သွားမယ်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မင်းဘူး (စကု) မြို့နယ်​ အမှတ်​ ၂ မဲဆန္ဒနယ်​မှ တိုင်​​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​​က ပြောပါတယ်။

ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီ ဗဟို၊ တိုင်​​ဒေသကြီးနဲ့ မြို့နယ်​​အောင်​နိုင်​​ရေး အဖွဲ့​တွေ ဝန်းရံ​ပေးလို့ ​အောင်​မြင်​မှုရခဲ့တာလို့ NLD ပါတီမှ ​ရွေး​ချယ်​ခံရတဲ့ တိုင်း​ဒေ​သကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​ကျော်​​ငွေက ဒီဗွီဘီကို​ပြောပါတယ်​။

"အမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ်​ပါတီ ​ခေါင်း​ဆောင်​ကိုယ်​တိုင်​က ပြည်​သူကို ဘာကတိကဝတ်​၊ ဘာမက်​လုံးမှ ​ပေးပြီး မဲဆွယ်​ မစည်းရုံးဖို့ ညွှန်​ကြားထားတယ်​။ စည်းရုံး​ရေးဆင်းတဲ့​နေရာမှာ မိမိ အထ္ထုပ္ပတ္တိကို ပြည်​သူကို ချပြပြီး ပြည့်သူအကျိုးပြုလုပ်​ငန်း​တွေကို ကိုယ်​စွမ်းဉာဏ်​စွမ်းရှိသ​ရွေ့ ကြိုးစားလုပ်​​ဆောင်​ပါ့မယ်​။ အလုပ်​သမား​ကောင်းတ​ဦးအဖြစ်​ အား​ပေးကြပါလို့ စည်းရုံးခဲ့တယ်​။ ပါတီရဲ့ ဦး​ဆောင်​မှု​အောက်​မှာပဲ လှုပ်ရှားသွားမှာဖြစ်​ပြီး ပြည်​သူ​တွေရဲ့ လိုအပ်​ချက်​ကို ညှိနှိုင်းတိုင်​ပင်​ပြီး ​ဆောင်​ရွက်​သွားမယ်​။”

မင်းဘူး (စကု) မြို့ အောင်သုခရပ်ကွက်မှ ဆန္ဒမဲပေးခွင့်ရှိသူ ဒေါ်စန်းဝေက "ကိုယ့်ရဲ့ မဲတခု နှောက်နှေးသွားရင် နစ်နာမှုတွေရှိမှာဆိုလို့ မဲလာပေးတာပါ။ နဂိုမူရင်းကလည်း၊ အမေစုပဲ။ ဘယ်သူကမှ မဲဆွယ်လို့မဟုတ်ပါဘူး။ မိမိတို့ ဒေသအကျိုးကို ဆောင်ရွက်မယ့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာကို ကိုယ်တိုင်ရွေးချယ်တင်မြောက်ခွင့်ရတဲ့အတွက်ေ ကျနပ်မိပါတယ်။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်အနေနဲ့လည်း ​ဒေသအတွက်​ အကျိုးပြုမယ့် လုပ်​ငန်း​တွေ လုပ်ဆောင်ပေးဖို့ မျှော်လင့်တယ်" လို့ ​ပြောပါတယ်​။

မင်းဘူး (စကု) မြို့နယ်​ မဲဆန္ဒနယ်​ အမှတ်​(၂)တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​​ နေရာအတွက်​ ကျင်းပပြုလုပ်​တဲ့ ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ တသီးပုဂ္ဂလ ၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြည့်ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားညီညွတ်ရေး ဒီမိုကရက်တစ်ပါတီတို့ ကိုယ်​စားလှယ်​​လောင်းတွေ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ကြတာပါ။

မင်းဘူး (စကု) မြို့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်​ ၃၇၇၃၁ ဦး လာ​ရောက်​မဲ​ပေးပြီး ဦးကျော်ငွေ (အန်အယ်လ်ဒီ) က ၂၁၂၄၃ မဲ၊ ဦးစိန်ရွှေမင်း(ခ) မောင်ပိုက် (USDP) က ၁၁၀၈၃ မဲ၊ ဦးသောင်းစိုး (တသီးပုဂ္ဂလ) က ၇၁၆ မဲ၊ ဦးသိန်းထက်ဝေ (တသီးပုဂ္ဂလ) က ၃၈၇၈ မဲ၊ ဦးအောင်ဌေး (NUD) က ၂၀၉ မဲတို့ အသီးသီးရရှိခဲ့ပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013